ဖြေကြားချက် ၁ ခု
စိတ်မပူပါနဲ့ခင်ဗျာ.လယ်သီးထပ်အနေနဲ့ ဒီဇင်ဘာလအထိစိုက်နိုင်ပါတယ်. နိုဝင်ဘာလကုန်မှာစိုက်နိုင်ရင်ပိုကောင်းပါတယ်.အစိုဓာတ်မိဖို့ဘဲလိုပါတယ်.ပဲစိုက်ပြီဆိုရင်ကန့်ဓာတ်လိုအပ်တာမို့ ဂျစ်ပဆမ်ကျောက်မှုန့်ကို မြေခံမှာ၁အိတ် နဲ့ နောက်ဆုံးကြားဝင်ချိန်/ပန်းပြခါနီးမှာ(အစိုဓာတ်ရှိချိန်) ၁အိတ်ထည့်ပေးသင့်ပါတယ်။ပန်းပြပြီဆိုရင်ပုလဲ+လက်ချားရွက်ဖျန်းအားဆေးကို ၅ရက်တစ်ကြိမ်နဲ့၃ကြိမ်အနည်းဆုံးဖျန်းပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မဂ်လာပါခင်ဗျား နိုဝင်ဘာလကုန်လောက်မှာမတ်ပဲကျဲမယ်ဆိုရင် နောက်ကျသွားပြီခင်ဗျား
ဖြေကြားချက် 2 ခု
ဒီနှစ် မတ်ပဲနဲ့ ပဲတီစိမ်း ဘာပဲကိုစိုက်ရင်အစဥ်ပြေမလည်း
ဖြေကြားချက် 0 ခု
မတ်ပဲဘယ်လစိုက်ရင်ကောင်းမလဲဗျတစ်ဧကကိုဘယ်လောက်ရူန်းကျဲရသလဲပြောပေးပါအုံးဆရာတို့
ဖြေကြားချက် 1 ခု
စပါးခင်းထဲကိုစပါးသိန်းပီရင်မတ်ပဲစိုက်လို့ရလား
ဖြေကြားချက် 2 ခု
အခု လ ၁၅ရက်နေ့လောက်မှှာ မတ်ပဲစိုက်လို့ရပါသေးသလား
ဖြေကြားချက် 1 ခု