ဖြေကြားချက် ၂ ခု
အစေ့စိုက်မယ်ဆိုရင်တော့အခုချိန်မိုးဦးကာလမှာစိုက်ဖို့အကောင်းဆုံးပါ။ စိုက်ဖို့ ၈လက်မ(သို့) ၁ပေပတ်လည်ခန့်ကျင်းတူးပြီးမြေသားနှင့် နွားချေးဆွေး သို့ သစ်ရွက်မြေသြဇာ ဆတူရော၍ ထည့်ရပါမယ်။ ကျင်းအလယ်တွင် အစေ့ကို ၁ လက်မခန့် မြေမြုပ်စိုက်ပါ။ စိုက်ချိန်မှာ မိုးမရွာပါကနေ့စဉ် အနည်းဆုံးတစ်ကြိမ် ရေလောင်းပေးရန် လိုပါတယ်။ အစေ့စိုက်ပြီး တစ်ပတ်လောက်ကြာရင် အပင်ပေါက်ပါတယ်။ဒန့်ဒလွန်ပင်ကသက်ကြီးပင် အပင်ပုံစံလဲကြီးတဲ့အတွက် တစ်ပင်နဲ့တစ်ပင် ပေ(၂၀) ခြား၍စိုက်ပါ။ ၂နှစ်သားမှာ စတင်ပွင့်တတ်ပြီး ၄-၅နှစ်ရောက်မှအသီးလှိုင်လှိုင်သီးလေ့ရှိပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒန့်သလွန်မျိူးစေ့သနပ်ပင်မြို့ဝယ်ယူရနိုင်မယ့်နေရာလေးနဲ့စိုက်ပျိုးပုံနည်ူလမ်းလေးသိချင်ပါတယ်။ နေပီယာမြက်အမျိုးအ...
ဖြေကြားချက် 2 ခု
ရေကတော့နည်းနည်းငံတယ် ဘာပင်တွေစိုက်ရင်အဆင်ပြေလဲဗျ နှစ်ရှည်ပင်စိုက်ချင်ပါတယ်ဆရာသမားတို့ ကျေးဇူပြုပြောပေပါခင်ဗျာ
ဖြေကြားချက် 7 ခု
မြန်မာနိုင်ငံဒန့်သလွန်နှင့်ရဲယိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့နှင့် ဆက်သွယ်လို့ရမဲ့ နည်းလမ်း...
ဖြေကြားချက် 2 ခု
ကိုင်းကူးသည့်နည်းစနစ်နဲ့ အသုံးပြုသည့်အမြစ်အားသန်းဆေးကို သိချင်ပတယ်မျှဝေကြပါ
ဖြေကြားချက် 1 ခု
အခုချိန် ဒန့်သလွန်း စိုက်နည်းလေးပြောပြပေးပါလား ဧရာဝတီတိုင်း ပုသိမ်
ဖြေကြားချက် 2 ခု