အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မင်းသန့်
လွန်ခဲ့သော ၅ နှစ် က · ပုသိမ်ကြီး

ဟသ်ာသရက်ပင်ကို အဖူးထွက်အောင် ဘာလုပ်ပေးရမလည်းခင်ဗျာ။ ရေသွင်းပေးရမယ်လို့ပြောနေပါတယ်။ ရေသွင်းပေးခြင်းအားဖြင့် အညှာခိုင်တယ်လို့ပြောနေပါတယ်ခင်ဗျ။

အပင်အာဟာရ သရက်
3

ဖြေကြားချက် ၃ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,447 လွန်ခဲ့သော ၅ နှစ် က

အပွင့်နဲ့သီးကင်းဖြစ်လာချိန်နောက်ပိုင်း အစိုဓာတ်မပြတ်အောင်ရေပေးနေရပါမယ်.ဒါမှအသီးများများတင်နိုင်မှာပါ။

မင်းသန့်
မင်းသန့် 174 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်ခင်ဗျာ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,447 လွန်ခဲ့သော ၅ နှစ် က

သရက်ပင်အပွင့်ဖူးထွက်တာကအခြားအပင်တွေနဲ့မတူဘဲထူးခြားပါတယ်. အဖူးပြူတစ်ကလေးက ပွင့်ဖူးတံ ဖြစ်လာနိုင်သလို အရွက်ကိုင်းလည်းဖြစ်သွားနိုင်ပါတယ်။အပင်ပြုစုမှုပေါ်မူတည်ပြီးပြောင်းလဲသွားနိုင်ပါတယ်။ကိုယ့်အပင်ရဲ့ယခင်နှစ်တွေကဘယ်အချိန်တွေမှာပွင့်တတ်သလဲ.ဥပမာ.. ဒီဇင်ဘာလမှာပွင့်လေ့ရှိတယ်ဆိုရင် အဲဒီလမတိုင်ခင် ၂လခန့်မှာကြိုတင်ပြီး အစာနဲ့ရေဖြတ်ထားရပါမယ်. အောက်တိုဘာလကစပြီး အစာနဲ့ရေဖြတ်ထားပါ(မဖြတ်ရင် အရွက်ကိုင်းဘဲထွက်ဖို့များမယ်)။အစာနဲ့ရေကို တစ်လကျော်ကျော်ဖြတ်ပြီးရင် နိုဝင်ဘာလထဲမှာရေသွင်းပေးပါ.အစိုဓာတ်လုံလောက်တဲ့အခါ မြေဆီထည့်ပေးပါ။ရွက်ဖျန်းမြေသြဇာဖျန်းပေးပါ။အဲဒါဆိုရင်ပွင့်ဖူးတံတွေဝေဝေဆာဆာထွက်လာပါလိမ့်မယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။