နွေစပါးပြန်လည်စိုက်ပျိုးရာတွင်ရေညှိများအုပ်ပြီစပါးပင်များအကွက်လိုက်သေနေပါသည် ၎င်းရေညှိများအားမည်သည့်နည်းဖြင့်ရှင်းလင်း၍ရနိုင်ပါသလဲကျေးဇူးပြု၍ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
နိုက်ထရိုဂျင်၊ တီစူပါဓာတ်မြေသြဇာကျွေးနေတယ်ဆိုရင် မကျွေးသေးပါနဲ့ရပ်ထားပါဦး။ စပါးပင်ရဲ့အာဟာရကိုအပြိုင်စုပ်ယူစားသောက်ပြီး ရေညှိတွေကြီးထွားမှုအားကောင်းတတ်ပါတယ်။ ရေသွင်းရေထုတ်လုပ်ပေးပါ။ ကော့ပါး၊ဇင့်ဓာတ်ပါတဲ့မြေသြဇာတွေက ရေညှိတွေရဲ့ ကြီးထွားမှုကိုဟန့်တားပေးတယ်လို့သိရပါတယ်။ စိုက်ပြီး ၁၅ ရက်သားကျော်ပြီဆိုရင်တော့ ရေထုတ်ပြီး ကျောက်မှုန့်ထည့်ပေးပါ။ တတ်နိုင်သလောက် လုပ်အားနဲ့လည်းရေညှိတွေကိုဖယ်ရှားပေးပါ။ ပင်လုံးပြန့်အာနိသင်ရှိတဲ့ ပေါင်းသတ်ဆေးတွေသုံးမယ်ဆိုရင် စနစ်ကျသုံးပြီး ရေထုတ်ပြီးမှသုံးပါ။ ရေသွင်းရေထုတ် မကြာခဏလုပ်ပေးပါ။
ဆက်စပ်မေးခွန်းများ
အဲ့ဒါဘယ်လိုခေါ်ပါသလဲ..စပါးခင်းထဲမှာရှိပါတယ်..ပျောက်အောင်ဘယ်လိုလုပ်ရမလဲ..အကြံညဏ်လေးတောင်းခံပါရစေ
ဖြေကြားချက် 2 ခု
အဲ့ဒါဘယ်လိုခေါ်ပါသလဲ..စပါးခင်းထဲမှာရှိနေပါတယ်..ပျောက်အောင်ဘယ်လိုလုပ်ရပါသလဲခင်ဗျား..အကြံညဏ်လေးတောင်းခံပါရစေ
ဖြေကြားချက် 0 ခု
ရေညှိလားရှင့်။ စပါးပင်ကိုထိခိုက်နိုင်လားရှင့် ။ဘယ်လိုဖြေရှင်းပေးရမလဲရှင့်။
ဖြေကြားချက် 4 ခု
စပါးခင်ထဲမှာရေညှိရှိတာဘယ်လိုလုပ်မလဲ
ဖြေကြားချက် 3 ခု
စပါးခင်းထဲမှာရေညှိတွေတာဘာဖြစ်တက်လဲဗျ
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။