ဖြေကြားချက် ၂ ခု
ဟုတ် ရက်ဘယ်လောက်ဆိုတာကတော့ မျိုးပေါ်မှာသက်ဆိုင်ပါတယ်ဗျ။ ဥပမာ မနောသုခဆို ၁၃၅ ရက် သက်တမ်းရှိပါတယ်။ ဒါကလည်း ရာသီဥတုပေါ်မှာ မူတည်ပါတယ်။ အပူချိန်များရင် စပါးပင်ရဲ့ သက်တမ်းက လျော့သွားတတ်ပါတယ်။ အေးတဲ့အချိန်ဆို သက်တမ်းက နည်းနည်းပိုရှည်ပါတယ်။ ပိုပြီးကောင်းတာကတော့ တောင်သူတွေရဲ့ အခေါ် "မောင်းညိုချိန်" မှာ ရိတ်တာ အကောင်းဆုံး အလေအလွင့်အသက်သာဆုံးပါ။ မောင်းညိုချိန်ဆိုတာ စပါးနှံရဲ့ ၈၅ %၊ အပင်တွေရဲ့ ၈၅ % ဝါတဲ့အချိန်လို့ သတ်မှတ်ကြပါတယ်။ ဒီထက်ပိုကြာသွားရင် အအောင်ဆုံး အဖျားသီးတွေက အခြောက်လွန်သွားပြီး ရိတ်တဲ့အခါမှာ ကြွေကျကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် ၈၅ % အဝါရောင်ပြောင်းတဲ့ မောင်းညိုချိန်မှာ ရိတ်တာ အကောင်းဆုံးပါ။ အောင်မြင်မှုနည်းတဲ့ အရင်းသီးတွေ စောင့်ရင် ပြည့်ဝတဲ့ အရင်းသီးတွေ ကြွေခဲ့ပါလိမ့်မယ်။ တကယ့်အထွက်က အဖျားသီးတွေပါ။ စပါးက အဖျားသီးကစပြီး အရင်ဆုံးကြီးထွားရင်မှည့်ပါတယ်။
ဆက်စပ်မေးခွန်းများ
နွေစပါးစိုက်ပျိုးရန်ဘယ်လကနေစိုက်ရင်အကောင်းဆုံးလည်းဗျ ရက်ကိုးဆယ်ပါဗျ တစန်ပတ်စိုက်ပျိုးတာပါဗျ မြစ်ဝကျွန်းပေါ်ဒေသ...
ဖြေကြားချက် 2 ခု
သီးသိပ်မလာဘူးဘယ်ပြုလုပ်ရမှာလဲ့
ဖြေကြားချက် 0 ခု
စပါး15ရက်သားအရွယ်မှာဘာတွေလုပ်သင့်ပါသလဲခင်မျာ
ဖြေကြားချက် 1 ခု
စပါး ပျိုးထောင်နည်း
ဖြေကြားချက် 1 ခု
မိုးစပါးအေရာမင်းအခြောက်ကျဲချင်ပါတယ်ခုချိန်ကျဲရင်ဆင်ပြေမလားနောက်ဆုံးထားကျဲရမဲ့ရက်သိချင်ပါတယ်
ဖြေကြားချက် 1 ခု