ဖြေကြားချက် ၁ ခု
ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃’ x ၃’ x ၃’ အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ်၁၅း၁၅း၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁)ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။ အပင်ကြီးလို့မြေသြဇာကျွေးရာမှာ မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅း၁၅း၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန် ဖြစ်သည်။ စာထဲကမြေသြဇာနှုန်းတိုင်းကျသင့်ငွေတွက်ကြည့်လိုက်ပါ။ မစိုက်ခင်ပိုးသတ်ဆေးသုံးတာကတော့ တစ်ချိန်ပါပဲ။ နောက်ပိုင်းပိုးရောဂါကျရောက်နိုင်တဲ့ပေါ်မူတည်ပြီးမှ သုံးသင့်တဲ့ဆေးသုံးရမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်နဲ့ပတ်သတ်ပြီးတော့ တွက်ကြည့်ပေးလို့မရပါဘူးရှင်။ ဒူးရင်းနဲ့ပတ်သတ်တဲ့ဆက်စပ်အကြောင်းအရာဆောင်းပါးများကို အစိမ်းရောင်လမ်းတွင်တင်ထားပါတယ်။ ရှေ့စာမျက်နှာ အပေါ်ထောင့်က မှန်ဘီလူးပုံလေးမှာ "ဒူးရင်းသီး" လို့ရိုက်ထည့်ပြီးအလွယ်တကူရှာဖွေနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဒူးရင်းသီးကိုနေပြည်တော်မှာစိုက်လျှင်ဖြစ်လားရှင့်အသီးကောသီးလားရှင့်
ဖြေကြားချက် 1 ခု
ခူးပြီးတဲ့ ဒူးရင်းသီးမှိုစွဲတာ ဘယ်လိုလုပ်ရမလံခင်ဗျ
ဖြေကြားချက် 0 ခု
ဒူရင်နဲပန်းသီးပင်စိုက်ချင်ပါတယ်မြေးပြန်ဘက်တေးစိုက်လိုရလား အပင်ရော်ဘယ်လိုဝယ်နိုင့်မလ့ဲသိချင်ပါတယ်ခဗျား
ဖြေကြားချက် 0 ခု
မန်ကိုဇက်နဲ့ကော့ပါးဟိုက်ဒေါဆိုက်ရောဖြန်းလို့ရလားဗျအင်မီဒါကလိုဗစ်နဲ့ရောရောဖြန်းလို့ရလားဗျဆရာတို့ကူညီကြပါအုန်း
ဖြေကြားချက် 4 ခု
ဒီလိုပိုကောင်လေးတွေအများကြီးတွေ့ရပါတယ်အညွှန်နုလေးတွေကိုကိုက်ထားပါတယ်ဘာဆေးသုံးပြီးနှိမ်နှင်းရမလည်းကျေးဇူးပြု...
ဖြေကြားချက် 0 ခု