အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
win minhtun
win minhtun 468
လွန်ခဲ့သော ၅ နှစ် က · ကလော

မင်္ဂလာပါခင်ဗျ ကျွန်တော်ကတော့ ဒေသအခေါ် ပဲလိပ်ပြာစိုက်တောင်သူပါ ခြံထဲဖြစ်နေတဲ့ပြဿနာလေးမေးချင်လို့ပါဗျ လွန်ခဲ့တဲ့ဆယ့်ငါးရက်ကျော်လောက်က မိုးသုံးရက်လောက်နေ့ညဆက်ရွာပါတယ် နောက်မကြာပါဘူးအပင်အရွက်မှာ မီးလောင်ပေါက်လို့ဖြစ်လာပါတယ်နောက်ရက်တွေကျ တစ်ပင်လုံးနီးပါးဖြစ်လာပါတယ် အဲဒါနဲ့ မှိုဆေး ငါးရက်ခြား နှစ်ကြိမ် ဖြန်းပါတယ် ပြန်ထွက်လာတဲ့အရွက်တွေတော့ထပ်မကူးတော့ပါ ဒါပေမဲ့ ခင်ဗျ အရွက်ထွက်စအရွက်တွေဟာ မပြန့်ပဲနဲ့ကုတ်နေပါတယ် အညှောင့်တွေကလည်းရှေ့ဆက်မသွားပဲရပ်နေပါတယ် ကြန့်နေသလိုဖြစ်နေပါတယ် ဟုတ်ကဲ့ခင်ဗျ ဖြစ်နိုင်မယ်ဆို ဆေးလေးညွှန်းပေးစေလိုပါတယ်ခင်ဗျ ဘာဆေးဖြန်းရမှန်း မသိတော့လို့ပါ ကျေးဇူးပါခင်ဗျ

စိုက်ပျိုး ရေ ပဲလွမ်း
Post image

ဖြေကြားချက် ၃ ခု

ဇော်မင်းနောင်
ဇော်မင်းနောင် 118 လွန်ခဲ့သော ၅ နှစ် က

မြေပဲ

win minhtun
win minhtun 468 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါ ဆရာ

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,356 လွန်ခဲ့သော ၅ နှစ် က

ရောဂါဝင်ထားတဲ့အတွက်ကြောင့် အပင်က အားတိတ်နေတာပါ။ အနည်းလိုအဟာရဓာတ်တွေပါပါတဲ့ ရွက်ဖျန်းဆေး ဖျန်းပေးနိုင်ပါတယ်။ ပိုကောင်းတာက ငါးအမိုင်နိုအက်စစ်ဖြစ်ဖြစ် ဇီဝစူပါဖြစ်ဖြစ် ဖျန်းပေးပါ။ သူတို့က အကျိုးပြုအဏုဇီဝပါပါတော့ အပင်အတွက် ခံနိုင်အားပါ မြှင့်တင်ပေးနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။