အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က

ရွှေသွယ်ဆန်မျိူးတွေကို အကြာကြီးသိုလှောင်ထားချင်လို့ပါ အကြာကြီးသိုလှောင်ထားမယ်ဆိုရင် ဘယ်လိုပြသနာမျိူး ဖြစ်ပေါ်...

ရွှေသွယ်ဆန်မျိူးတွေကို အကြာကြီးသိုလှောင်ထားချင်လို့ပါ အကြာကြီးသိုလှောင်ထားမယ်ဆိုရင် ဘယ်လိုပြသနာမျိူး ဖြစ်ပေါ်နိုင်သလဲ နောက်ပြီး သိုလှောင်ပုံနည်းလမ်းလေးလည်း သိချင်ပါတယ်ရှင့် ဆန်တွေက အိတ်အလိုက်ပါ

စိုက်ပျိုးစီးပွား စပါး စပါးရိတ်သိမ်းချိန်လွန်နည်းပညာ
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

မျိုးစေ့တွေကို အကြာကြီး သိုလှောင်မယ်ဆိုရင် သိထားဖို့လိုတာက ခြောက်သွေ့တဲ့နေရာမှာ လေလုံအောင် ပိတ်ထားနိုင်ဖို့ပါ။ စပါးမျိုးစေ့တွေကို လေလုံအောင် ထားနိုင်မယ်ဆိုရင် • လေလုံတဲ့အတွက် အောက်ဆီဂျင်ကို ဖယ်ရှားပြီးသားဖြစ်တယ်။ • အောက်ဆီဂျင်မရှိတော့တဲ့အတွက် သိုလှောင်ချိန်မှာ ကျတဲ့ပိုးတွေ အသက်ရှင်နိုင်စွမ်းမရှိတော့ပါ။ ဓာတုဆေးသုံးဖို့မလိုအပ်တော့ပါ။ • အောက်ဆီဂျင်မရှိတော့တဲ့အတွက်ကြောင့် စပါးပင်ရဲ့ ရှင်သန်နိုင်စွမ်းက ပိုပြီး ကောင်းလာပါတယ်။ အပေါက်နှုန်းလည်း ကောင်းစေပါတယ်။ သိုလှောင်ချိန်မှာ သုံးတဲ့ အိတ်တွေ အများကြီးရှိပါတယ်။​ ဒီမှာလည်း ကုမ္ပဏီတွေက မိတ်ဆက်ပေးနေကြပါတယ်။​ ပုံမှာပြထားတာကတော့ Cocoon storage container လို့ ခေါ်ပါတယ်။ အများကြီး သိုလှောင်ဖို့အတွက် သုံးပါတယ်။ နှစ်ရှည်သုံးလို့ရပါတယ်။ တစ်အိတ်ချင်းဆီအတွက်ဆို Superbag ရှိပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။