အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Hla Phay
U Hla Phay 4,212
လွန်ခဲ့သော ၈ နှစ် က

မိုးရာသီအာလူးစိုက်ရင် အပင်ရောဂါမကျရောက်ရအောင် ဘာဆေးဖျန်းရမလဲ ဆရာ ၊ ဘယ်နှစ်ရက်ခြားဖျန်းပေးရမလဲဆရာ ၊

ပိုးမွှားရောဂါ စားဖိုဆောင်

ဖြေကြားချက် ၁ ခု

မင်းသူသူကို
မင်းသူသူကို 27,452 လွန်ခဲ့သော ၈ နှစ် က

အာလူးတွင် အဓိကအားဖြင့် စောပင်နာကျ ရောဂါ(လောင်ဝါ) နှောင်းပင်နာကျ ရောဂါ(လောင်မဲ) ဘက်တီးရီးယား ပင်ညိုးရောဂါ(လောင်ဖြူ) ဆိုပီး ၃မျိုး ရှိပါတယ် မိုးရာသီမှာ လောင်မဲက ကြောက်စရာအကောင်းဆုံးပါပဲ ကာကွယ်တာက ကုသတာထက်ပိုထိရောက်ပါတယ် ရောဂါ ကာကွယ်ဖို့အတွက် လောင်(metylaxy) ၂ဆ+မန်ကိုဇက် ၈ဆ ကိုမိုးမရွာခင် /မိုးရွာပီးပီးချင်း ဖျန်းပေးရပါမယ် ကာကွယ်မှုရော ကုသမှုပါ ပေးနိုင်ပါတယ် လောင်မဲရောဂါက မိုးရွာပီးတာနဲ့ ရောဂါ စဝင်ပီး တစ်ပါတ်အတွင်း ပျံ့နှံ့ ကာ စီးပွားရေးထိခိုက်နိုင်ပါတယ် အလွန်မြန်တဲ့ရောဂါဆိုတာ မေးမြန်းသူအနေနဲ့ သိမှာပါ ရောဂါစတင်ဖြစ်လာပီဆိုတာနဲ့ ဆေးဖျန်းဖို့ ချက်ချင်းဆောင်ရွက်ပါ ဆေးတွေကတော့ မန်ကိုဇက် +မက်တလဇီ ကလိုရိုသာလိုနေး ဒိုင်မီသိုမော့ အန္ထရာကိုး စသည်တို့ကို အလှည့်ကျ ဖျန်းပေးသင့်ပါတယ် ဆေး တစ်မျိုးထဲကို အကြိမ်ကြိမ်သုံးခြင်းကို ရှောင်ကျဉ်စေလိုပါတယ် ဒါမှသာ ရောဂါမှ ရောဂါသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှု ကိုကာကွယ်နိုင်မှာဖြစ်ပါတယ် ဘက်တီးရီးယားပင်ညိုး (လောင်ဖြူ ) ရောဂါဖြစ်ပါက ရောဂါကျအပင်ကို နှုတ်ယူဖျက်ဆီးပါ ထရိုင်ကိုဒါးမား မှိုကိုအပင်ခြေများတွင်ထည့်ပေးပါ (သို့ ) မျိုးဥကိုဆေးလူးနယ်စိုက်ပါ ဘက်တီးရီးယားသတ်ဆေး တစ်မျိုးမျိုး ဖျန်းပါ နောက်ရာသီတွင် အာလူးနှင့်မျိုးရင်းတူသော ခရမ်းချဉ် ခရမ်း ငရုတ် စသည့်သီးနှံများမစိုက်ရပါ သီးလှည့်စိုက်ပါ ဥပမာ ပြောင်း ၊တောင်ယာစပါး ၊မြေပဲ စသည် မြေလှပ်နိုင်ပါက မြေလှပ်ထားပေးပါ အာလူးနှင့်မျိုးရင်တူပေါင်းပင်များအားရှင်းလင်းပေးပါ ရောဂါဖြစ်စေသောသက်ရှိ (ဘက်တီးရီးယား)မှာ မြေထဲ၌နှစ်ရှည်လများခိုအောင်းနေနိုင်ပါသည် ကျေးဇူးတင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။