အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko Min
Ko Min 19,845
လွန်ခဲ့သော ၅ နှစ် က · သာစည်

ခါတိုင်းက ဘယ်လယ်ကွက်ဘယ်နေ့စိုက် ဘာမျိုးစိုက်ဆိုတာ မှတ်တယ်။ တစ်နှစ်တစ်လေတော့ စာအုပ်နဲ့ မှတ်ဖြစ်တယ်။ ဘယ်အကွက်ဘာမြေသြဇာထည့်တယ်ဆိုတာကစ ကုန်ကျစရိတ်အစအဆုံးမှတ်တယ်။ အခုတော့ အဲဒီစာအုပ်က ပျောက်နေလို့ ပြန်ရှာမရဖြစ်နေတယ်။ ဖုန်းနဲ့ မှတ်မယ်ဆိုရင် ဘယ်လိုမျိုးမှတ်ရမလဲ။ ဆော့ဝဲလ်ရှိလားဗျ။ ကျွန်တော်တို့ ညီကိုတွေရော ဘယ်လိုမှတ်နေကြလဲဗျ။​ ပုံကတော့ သတိထားမိအောင်လို့ပါ။ လိုင်းပေါ်ကတွေ့လို့ လှတာတင်လိုက်တာ။

စိုက်ပျိုးစီးပွား စပါး အစိမ်းရောင်မှတ်တမ်း
Post image

ဖြေကြားချက် ၅ ခု

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၅ နှစ် က

ဗီဒီယိုအနေနဲ့မဟုတ်ပဲ ဆောင်းပါးအနေနဲ့ အဆင့်လိုက်ဓာတ်ပုံတွေပါ ဖော်ပြထားပါတယ်ရှင့်။

Ko Min
Ko Min 19,845 လွန်ခဲ့သော ၅ နှစ် က

ဟုတ် မတွေ့သေးဘူး။ ရှာလိုက်မယ်။ ဗီဒီယိုရော ဒေါင်းလို့ရလား?

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၅ နှစ် က

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီည ၈ နာရီမှာ အစိမ်းရောင်မှတ်တမ်းအသုံးပြုပုံကို ဆောင်းပါးအနေနဲ့တင်ပေးမှာပါရှင့်။ လေ့လာကြည့်လိုက်ပါနော်။

Ko Min
Ko Min 19,845 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဗျ။ ဘယ်လိုမှတ်ရမလဲ သင်ပေးပါလား။ ဒါမှမဟုတ် ဗီဒီယိုရှိလားဗျ။ လေ့လာချင်ပါတယ်။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,046 လွန်ခဲ့သော ၅ နှစ် က

ဟုတ် မှတ်တမ်းထားတာ ကောင်းပါတယ်ဗျ။ ဖုန်းနဲ့မှတ်တမ်းမှတ်ဖို့ဆို အခြား App တွေ ရှာစရာမလိုပါဘူး။ အစိမ်းရောင်လမ်းပေါ်မှာ ရှိပါတယ်။​ အစိမ်းရောင်လမ်းမှာ "စိုက်ပျိုးမှတ်တမ်း" ဆိုပြီး ပါပါတယ်ဗျ။ နေ့စဉ် လုပ်ငန်းစဉ်တွေ၊ လုပ်အားခ၊ စက်ငှားခ၊ မြေသြဇာပိုးသတ်ဆေးသုံးတာတွေကို နာမည်နဲ့ တကွ ပမာဏပါ အတိအကျမှတ်နိုင်ပါတယ်။ အရင်စိုက်ရာသီတွေက မှတ်ခဲ့တာတွေကိုလည်း အကုန်ပြန်ကြည့်နိုင်တယ်။​ အရှုံး/အမြတ်ကိုပါ တွက်ပေးထားတယ်။ သုံးမယ်ဆိုရင် အစိမ်းရောင်လမ်းကို ဖွင့်။ ဖုန်းအပေါ်ဘယ်ထောင့်မှာရှိတဲ့ ကိုယ့်ပုံလေးကို နှိပ်လိုက်။ ပြီးရင် အစိမ်းရောင်မှတ်တမ်းဆိုတာလေးကို နှိပ်ပြီး လယ်ကွက်အလိုက်ကုန်ကျစရိတ်တွေကို မှတ်နိုင်ပါတယ်ဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။