အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
kokawlwinoo
လွန်ခဲ့သော ၅ နှစ် က · ချောက်

မြေပဲပင်တွေမှာ မြေတွင်ပင်စည်ပြတ်နေပါသည်။တချို့ မှိုပိုး(ခါးရိပြတ်ပိုး)တွေရသလို၊တချို့မြေပဲပင်တွေမှာ ပင်စည်ကိုက်ဖြတ်(မြေတွင်း)ထားတာတွေ တွေ့ရပါတယ်။ပိုးတွေဟာ မြှောင်တောင်ပိုး (အညိုပျောက်ကောင်)တွေ တွေ့ရပါတယ် မြေကြီးထဲမှလည်းကောင်း၊နွားချေးခြောက်များအောက်တွင်လည်းကောင်းတွေ့ရပါသည်။မည်သည့်ဆေးဖြန့်သင့်ပါလဲခမျာ။

ပိုးမွှားရောဂါ မြေပဲ မြေပဲဖိုးလမင်းကျိုင်း

ဖြေကြားချက် ၁ ခု

U Aye Naing
U Aye Naing အတည်ပြုပြီး 180,448 လွန်ခဲ့သော ၅ နှစ် က

မြေပဲပင်မှာထူးခြားတာက သူ့ရဲ့အရွက်နဲ့ဥ/အတောင့်မှာပါရှိတဲ့ဓာတ်တစ်မျိုးက ပိုးတွေမကြိုက်တာကြောင့် အခြားသီးနှံပင်တွေထက်စာရင် ပိုးကျရောက်မှုနည်းပါတယ်.အထွက်နှုန်းထိခိုက်အောင်ဖျက်ဆီးနိုင်တာက ရွက်လိပ်ရွက်ကပ်ပိုးပါ။ကိုကျော်လွင်ဦးအခင်းမှာကျနေတာက ဖိုးလမင်းပိုး(မြေအောင်းပိုး)ကိုက်ဖြတ်ဖျက်ဆီးခြင်းဖြစ်ပါတယ်.ငမြောင်တောင်ပိုးကတော့မိုးစိုက်ထက်ဆောင်းစိုက်အခင်းတွေမှာပိုမိုကျရောက်ဖျက်ဆီးတတ်ပါတယ်။ထိသေစားသေဆေးတစ်မျိုးမျိုး ပက်ဖျန်းနိုင်ပါတယ်.ထိရောက်တဲ့နည်းကတော့ နွေထယ်ရေး..ထွန်ရေးကောင်းစွာပြုလုပ်ပြီး နေလှန်းလေသလပ်ခံမယ်ဆိုရင် ပိုးလောက်ကောင်(ပိုးတီ)တွေသေကုန်ပါတယ်.မြေပေါ် ပေါ်လာတဲ့ပိုးတွေကိုငှက်ကလည်းစားပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။