ဖြေကြားချက် ၄ ခု
ပဲအိတ် ထဲ တိုက်ရိုက်ထည့်ရတဲ့ ဆေး တော့ မကြားဘူးပါ၊ လက်တွေ့လုပ်ဘူးသော နည်း စနစ်တစ်ခု မျှဝေချင်ပါသည်။ သုံးတဲ့ဆေး ကတော့ ဆဲလ်ဖို့ (celphod) Aluminium Phosphate ပါ အဆိပ်ငွေ့မှိုင်းတိုက် ဆေးပြားပါ၊ ရေနှင့်ထိလျှင် မီးလောင်ပါသည်။ အစိုဓါတ်များ၊ စိုထိုင်းဆများသောပါတ်ဝန်ကျင်တွင် အသုံးမပြုသင့်ပါ၊ မိမိ ပိုးသတ်လိုသော သီးနှံမှာ လည်း လုံလောက်စွာ ခြောက်သွေ့နေရပါမည်။ ပဲဆိုလျှင် ၁၄%နှင့် အောက်တွင် ရှိသင့်ပါသည်။ အသုံးပြုပုံးမှာ ပဲများကို ဆာလာအိတ်များတွင် ထည့်၍ လုံခြုံစွာ ထုပ်ပိုးထားရပါမည်။ ပဲအိတ်များ ကို သိုလှောင်ရုံ သုံး pallet ခေါ် ကြမ်းခုံ ပေါ်တွင် ပြိုမကျအောင်စီစီညီညီ ထပ်ထားသင့်ပါသည်။ ဆေးပြား အသုံးပြုရမည့် နှုံးထားမှာ ကုန်ပစ္စည်း တစ်တန်လျှင် ဆေးပြား 3ပြား မှ 5ပြား သုံးသင့်ပါသည်။ မိမိ ပိုးသတ်လိုသော ကုန်ပစ္စည်းများ တင်ထားသော ကြမ်းခုံအောက်တွင် ပုလင်းဘူးခွံ အပိတ် တွင် ထည့် ၍ ညီမျှသော အကွာအဝေး ထား၍ ချထားရပါမည်။ ထိုသို့ချထား ပြီးပြီးခြင်း သီနှံ ပုံအား မိုးကာ သို့မဟုတ် ပလတ်စတစ်စ ဖြင့် လေလုံအောင် ဖုံးအုပ်ထားရပါမည်။ အဆိပ်ငွေ့ မထွက် စေရန် လုံခြုံ ဘို့ လိုအပ်ပါသည်။ ပါတ်ဝန်းကျင်အပူချိန် 25' ဆင်တီဂရိတ် အထက်တွင် ၃ ရက်ကြာအောင် ထားရပါသည်။ ၃ရက်ကျော်မှ အဖုံးအကာ ကိုလှပ် နိုင်ပါသည်။ ၇ ရက် အထိထားနိုင်ပါက ပိုကောင်းပါသည်။ ၆ လပြည့်လျှင် နောက်ထပ်တစ်ခါ ပိုးပြန်သတ်ရန် လိုအပ်ပါသည်။
သိုလှောင်ခြင်း - သန့်ရှင်းသော ပုတ်၊ အိတ်နှင့် သံပုံး စသည်တို့ဖြင့် သိုလှောင်ပါ။ - သိုလှောင်ကာလတွင် ကျရောက်လေ့ရှိသော ပိုးများကို အက်စရင်ဆေးပြားများကို အသုံးပြု၍သော်လည်းကောင်း အဖုံးပါသော ပုံးတွင် တမာရွက်များကို ထည့်၍ မီးရှို့ခြင်းဖြင့်သော်လည်းကောင်း ကာကွယ်နိုင်ပါသည်။ ပိုးများမကျရောက်အောင် အထက်ပါနည်းနဲ့ ကာကွယ်ပါတယ်တဲ့ရှင့်။
ဆက်စပ်မေးခွန်းများ
ကုလားပဲကရိတ်ကတာလား ဆွတ်ကတာလား စိုက်နည်းလည်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ငုံးကို စိုတ်ခင်းတွေ ထဲမှာ ဘေးမဲ့ လွှတ်ထားခြင်းဖြင့် ဖျက်ပိုအန္တရယ် ထိမ်းချုပ်နိုင်ပါသလား..? သီးနံအတွက် ထိ...
ဖြေကြားချက် 4 ခု
ကုလားပဲ မျိုးစေ့ ရချင်လို့ဗျ
ဖြေကြားချက် 1 ခု
ကုလားပဲအပင် သေတာဘယ်လိုကာကွယ်ရလဲသိချင်တာ
ဖြေကြားချက် 2 ခု
EM ဝယ်ယူရရှိနိုင်သည့်နေရာနှင့်စူပါဘိုကာရှီ ဖော်စပ်နည်းအသေးစိတ်ကိုရှင်းပြပေးပါ။
ဖြေကြားချက် 2 ခု