ကျိုက်မရောမြို့နယ်မှာရော်ဘာစစိုက်မလိုပါ ဘယ်ကိုင်ကူးမျိုးကအဆင်ပြေမလဲ ဘယ်နှစ်ပေခြားစိုက်တာအကောင်းဆုံးလဲ စိုက်နည်းလေတွေပြောပြပေးပါလား ဆရာအပေါင်းတို ခင်ဗျား
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ကျိုက်မရောကတော့ မွန်ပြည်နယ်ထဲက မြို့နယ်တစ်ခုပါဘဲ ရော်ဘာနဲ့ အလှမ်းဝေးမှာ မဟုတ်ပါဘူး မျိုးအနေကတော့ BPM-24နဲ့ PB-260 မျိုးနှစ်မျိုးထဲက ကြိုက်တာစိုက်ပါ။ ကျနော်ကတော့ PB-260 စိုက်ရင် ပိုကောင်းမယ်လို့ အကြံပြုလိုပါတယ် ရော်ဘာသီးသန့် စိုက်မယ်ဆိုရင် စိုက်စနစ်ကို ပေ၂၀ x ၁၀ ပေ, ၂၂ပေ x ၉ပေ ကြိုက်တာနဲ့ စိုက်လို့ရတယ် အပင် ၂၂၀ ဝင်ပါမယ်။ အကြံပြုချင်တာက ရော်ဘာအခြေခံ ဘက်စုံခြံ လုပ်စေချင်တာပါ။ ရော်ဘာကို ၁၂ပေx၆ပေနဲ့ ၂တန်းစိုက်ပြီး ပေ၆၀ခြားကွက်လပ်ချန်ကာ ၁၂ပေx၆ပေ ၂တန်းစိုက်ပါ။ ကြား၆၀ပေ ကွက်လပ်မှာ မိမိကြိုက်တာ စိုက်ပါ မွေးပါ။ ရေရမယ်ဆိုရင် ဟင်းသီးဟင်းရွက်စိုက်ပါ။ ကြက် ဝက်လည်းမွေးနိုင်သလို ဥယျာဉ်ခြံသီးနှံ စိုက်လို့လည်းရပါတယ်။ အခြားသစ်တောပင် မန်ဂျန်ရှားလည်း စိုက်လို့ရပါတယ်။ လက်တွေ့သိချင် မြင်ချင်ရင် စိုက်ပျိုးရေးသုတေသနက မုဒုံ နှစ်ရှည်ပင် သုတေသနနဲ့နည်းပညာဖွံ့ဖြိုးရေးခြံမှာ သွားရောက်လေ့လာနိုင်ပါတယ်။ ဆရာ ဦးသတ္တိဇော်မှ ဖြေကြားပေးထားတာပါဗျ။
ဆက်စပ်မေးခွန်းများ
ကျွန်တော်တို့ နိုင်ငံမှာ Soy Wax ထုတ်လုပ်ကြလား ခင်ဗျ ။ ဘယ်လို ထုတ်လုပ်ကြတယ် ဆိုတာလေး သိချင်လို့ပါ ။ ပြီးတော့...
ဖြေကြားချက် 2 ခု
ရော်ဘာပင် စိုက်ပျိုးနည်း
ဖြေကြားချက် 1 ခု
ကူညီပါအုံ့ဆရာဒီပိုးကိုဘာဆေးဖျန်းရမလဲဗျ
ဖြေကြားချက် 1 ခု
မအူပင်ပေါက် ဘယ်မှာဝယ်လို့ရလဲ
ဖြေကြားချက် 4 ခု
ကျွန်းပင်စိုက်ရင် စိုက်တဲ့သူက တရားဝင်ရောင်းစားခွင့်ရှိလားဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။