ဖြေကြားချက် ၃ ခု
ai Lambda - cyhalothrin ပါဝင်သော ပိုးသတ်ဆေးဟာ ပြင်းထန်တဲ့ထိသေစားသေအာနိသင်ရှိပြီး ဖလံ အမ နဲ့ ဥ များကို ထိသေစေနိုင်ပါတယ်။ ပျိုးခင်းမှာ ပုစဉ်းကညာ အရေအတွက် ၅ ကောင်အထက်ရှိရင် ဆေးမဖြန်းသင့်ပါဘူူး။ ပုဇဉ်းကညာ က ဆစ်ပိုးဖလံတွေကို ဖမ်းယူစားသောက်တာပါ။ လိပ်ခုံးကျိုင်းတွေ နဂျီ ကောင်တွေရှိရင်လည်း မဖြန်းသင့်ပါဘူး။ သူတို့က ဆစ်ပိုးဥတွေကို စားတာပါ။ ဒီဆေးက အင်းဆက် ပိုးအားလုံးကို ထိသေစေတဲ့အတွက် မိတ်ဆွေပိုးကိုပါ သေစေမှာပါ။ မိတ်ဆွေပိုးတွေ အများကြီးရှိနေမယ်ဆိုရင် ဂေဟစနစ်ညီမျှတဲ့အတွက် ဒီဆေးကို မသုံးသင့်ပါဘူး။ စိုက်ခင်းတွင် မစိုက်ခင် ကာကွယ်ခြင်းကအစ အနှံထွက်သည်အထိ အဆင့်တိုင်းတွင် ကာကွယ်မှ ထိရောက်မှုရှိမှာပါ။
စပါးပျိုးခင်းကို ဘယ်နှစ်ရက်သားမှာ ပြောင်းရွှေ့စိုက်မှာလဲဆိုတဲ့အချက် နဲ့ စပါးမျိုးပေါ် မူတည်ပါတယ် အခု ပျိုးခင်းသက်တမ်း ဘယ်နှစ်ရက်ရှိပြီလဲ ဥ မှ အကောင်ပေါက်ဖို့ ၃ ရက်မှ ၉ ရက်အထိ ကြာပါတယ် ပိုးသတ်ဆေးက အကောင်ပေါက်ပြီး အပင်က ပင်ရည်စုတ်စားမှ ထိရောက်မှာပါ စပါးပြောင်းရွှေ့စိုက်မယ် စိုက်ခင်းမှာ မြေခံ စက်ဖွဲပြာ တစ်ဧက ၂၀ တင်းနှုန်းထည့်ခြင်း နဲ့ ပင်လုံးပြန့်အာနိသင်ရှိတဲ့ပိုးသတ်ဆေး ဥပမာ ဖျူရာဒန်ကို အညွှန်းအတိုင်း တိတိကျကျ မစိုက်ခင် ထည့်ရပါမယ် အပင်ကြီးထွားမှု အဆင့်အလိုက် ပိုးသတ်ဆေးသုံးရမှာပါ။ ပျိုးပင်သက်တမ်းနဲ့ပြောင်းရွှေ့စိုက်မယ့်ရက်မူတည်ပြီး ပျိုးခင်းအား ပင်လုံးပြန့်ပိုးသတ်ဆေး ဥပမာ ဖန်သိုအိတ် ၅၀ အီးစီ ကို အညွှန်းပါအတိုင်း ဖြန်းပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးဆစ်ပိုး ကျရောက်ပုံနှင့်ဖျက်ဆီးမှုလက္ခဏာ ကာကွယ်ရမည့်အချက်အလက်များကို ဖြေကြားပေးစေချင်ပါသည်။ လေးစားစွာဖြင့်
ဖြေကြားချက် 2 ခု
စပါးဆစ်ပိုးကိုဘယ်လိုကာကွယ်မလဲ
ဖြေကြားချက် 1 ခု
စပါးခင်းတွေမှာ.ဆစ်ပိုး.ကြတာ၃ရာသီရှိပြီ မထမနှစ်ကလုံးဝပြတ်ဆီးသွားတယ် ယခုအချိန် ထိဆစ်ပိုးရှိနေသေးတယ်မျိုးပြုတ်...
ဖြေကြားချက် 1 ခု
ဘာပိုးကျတာလဲမသိလို့ ဘယ်ဆေးသုံးရမလဲ အလင်းပြပါအုံး
ဖြေကြားချက် 2 ခု
စပါးခင်းထဲမှာဖလံဖြူတွေ့ရပါတယ် ဘာပိုးကြနိုင်မလဲဖြေပေးပါ
ဖြေကြားချက် 2 ခု