အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇော်လင်းအောင်
လွန်ခဲ့သော ၈ နှစ် က · ပေါင်းတည်

စိုက်ပျိုးသုံးဆေးရောင်းမယ်ဆိုဘာတွေလိုအပ်လဲဗျ ခန့်မှန်းချေအရင်းအနှီးဘယ်လောက်လိုမလဲဗျ ်

စိုက်ပျိုးစီးပွား မတ်ပဲ
5

ဖြေကြားချက် ၅ ခု

ဇေအောင်ထွေး
ဇေအောင်ထွေး 44,928 လွန်ခဲ့သော ၈ နှစ် က

မိမိမြို့နယ်မှာရှိတဲ့စိုက်ပျိုးရေးရုံးတွေမှာစုံစမ်းနိုင်ပါတယ်ခင်ဗျာ

ဇော်လင်းအောင်
ဇော်လင်းအောင် 1,102 လွန်ခဲ့သော ၈ နှစ် က

cpa သင်တန်းကဘယ်မှာတက်ရတာလည်းဗျ

ဇေအောင်ထွေး
ဇေအောင်ထွေး 44,928 လွန်ခဲ့သော ၈ နှစ် က

မြေသြဇာနဲ့ဆေးလိုင်စင်ဆောင်ရပါမယ်။CPAသင်တန်းတက်ဖို့လိုပါလိမ့်မယ်။ဒါမှဆေးရောင်းလို့အဆင်ပြေမှာပါ။ကိုယ့်ဒေသမှာသီးနှံနဲ့ရောင်းလို့ရမယ်နေရာဒေသတွေရှိပေမယ့်CPAသင်တန်းဆင်းလက်မှတ်မရှိရင်တော့ခက်ပါလိမ့်မယ်ဗျာ

ဇော်လင်းအောင်
ဇော်လင်းအောင် 1,102 လွန်ခဲ့သော ၈ နှစ် က

ကျွန်တော်ဆီမှာစပါးနဲ့မတ်ပဲအဓိကစိုက်ပါတယ်ဆေးကတော့ပေါင်းသတ်ဆေးမြေသြဇာပိုးသတ်ဆေးအဓိကပါဝယ်လိုအားလည်းကောင်းပါတယ်ကျွန်တော်တို့ကိုတိုင်ဝယ်နေရတာပါ ဆိုင်အနေနဲ့စဖွင့်ချင်ပါတယ်ဗျ

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၈ နှစ် က

မိမိဒေသအတွင်းမှာစိုက်ပျိုးတဲ့သီးနှံအလိုက်၊ ဘယ်လိုဆေးတွေရောင်းမလဲ စိုက်ပျိုးရေးဆေးတွေနဲ့ပတ်သတ်ပြီး တောင်သူတွေရဲ့ဝယ်လိုအား စတာတွေပေါ်မူတည်ပြီးသော်လည်းကောင်း၊ တနိုင်တပိုင်ကနေစမှာလား(သို့) ဆိုင်အနေဖြင့်စမှာလား?စတာတွေပေါ်မူတည်ပြီးအရင်းအနှီးလည်းကွာနိုင်ပါတယ်ခင်ဗျာ့။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။