အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးအောင်မြင့်
လွန်ခဲ့သော ၄ နှစ် က · ဝမ်းတွင်း

သာစည်မြို့နယ် တောင်တန်းဒေသများတွင် ဂေါ်ရခါးစိုက်ပျိုးလိုပါသည် ကျွန်တော်တို့ရွာတွင်အိမ်သုံးမျှလောက်သာ စိုက်ကြသော်လည်း စီးပွားဖြစ် အညွန့်ခူးရန် စိုက်ပျိုးကြသူများ မရှိကြပါ ယ္ခုလို ဆောင်းတွင်းသီးများအား ရေလောင်းမျိုးချပျိုးထားသော်လည်း မိုးရာသီရောက်လျှင် အပင်များသေသွားကြပါသည် ထို့ကြောင့် ဂေါ်ရခါးစီးပွားဖြစ် အညွန့်ခူးရန် မည်သို့ စိုက်ပျိုးလုပ်ဆောင်ရမည်ကို ကျေးဇူးပြု၍ ရှင်းပြပေးပါ ဆရာတို့ ခင်မျာ

စိုက်ပျိုးနည်း ဂေါ်ရခါးသီး

ဖြေကြားချက် ၂ ခု

Salai Naing Hone
Salai Naing Hone 5,861 လွန်ခဲ့သော ၄ နှစ် က

ဂေါ်ရခါးသီးက ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၄၀၀၀နှင့် ၈၀၀၀ကြားမှာဖြစ်ထွန်းပါတယ်။ အပူချိန် ၂၅ဒီကဂရီစင်တီကရိတ် နဲ့ ၃၀ ကြားစိုက်လို့ဖြစ်ထွန်းပါတယ်။အပူပိုင်းဒေသ မှာဆိုရင်တော့ဆောင်းတွင်းရေးသွင်းစိုက်လို့ရပါတယ်။ မိုးရာသီမှာသေတာကတော့ အပူချိန်မြင့်မားတာ၊သို့မဟုတ် ရေနည်းတာ၊မြေအောင်းပိုး အထူးသဖြင့်ပွေးက ကိုက်ဖြတ်ရင်လည်းသေတတ်ပါတယ်ခင်မျ

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

မိုးရာသီမှာ သေတာက ရောဂါကြောင့်ဖြစ်နိုင်သလို ရေထိန်း ရေဝပ်တာ များတာကြောင့်သေတာဖြစ်ပါမယ် မြေအနေအထားကို သဲဆန်အောင် ဖွယ်အောင် ပြုပြင်ခြင်း ဘောင်အမြင့်များနဲ့စိုက်ပျိုးခြင်းဖြင့်ပြုလုပ်ရနိုင်ပါတယ် မှတ်ချက် ဂေါ်ရခါးအတွက်လိုအပ်သော အအေးအပူချိန်တော့ ရှိရန်လိုအပ်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။