အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
6,236
လွန်ခဲ့သော ၄ နှစ် က · ဖျာပုံ

ဘိုကာရှီမြေဆွေး၊ စိုက်ပျိုးရေးဆရာများညွှန်ကြားချက်ကတော့၊6×3×3=ဖြစ်ပါတယ် အပူချိန်လွန်ကဲပြီးအဏုဇီဝပိုးမသေအောင်၊...

ဘိုကာရှီမြေဆွေး၊ စိုက်ပျိုးရေးဆရာများညွှန်ကြားချက်ကတော့၊6×3×3=ဖြစ်ပါတယ် အပူချိန်လွန်ကဲပြီးအဏုဇီဝပိုးမသေအောင်၊ အထက်အောက်မွှေနှောက်လို့ လွယ်စေရန်ရည်ရွယ်တယ်လို့ထင်ပါတယ်၊ မိမိကတော့ အပုံငယ်လေးတွေမပြုလုပ်နိုင်ပါ၊ အလျား၃၀ပေ၊အနံ၄ပေ အမြင့်၃ပေပြုလုပ်ထားပြီး အထက်အောက်လှန်သည့်အခါတိုင်း EM.နှင့်ငါးအမိုင်နိုထပ်ဖြန်းပါမယ်၊ မိုးစပါးအတွက်ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး၊ ကြက်ချေးဖွဲ ၆၀တင်း စက်ဖွဲပြာ၄၀တင်း နွားချေး၂၀တင်းကြက်ချေး၁၀တင်း ပဲဖတ်နှမ်းဖတ် ဖွဲနု၁အိတ် ဗေဒါ မြက်စို ကောက်ရိုး အီးအမ်နှင့် ငါးအမိုင်နို ၂ပီပါအသုံးပြုထားပါသည်၊ လိုအပ်ချက်များအား အစိမ်းရောင်လမ်းမှညွှန်ကြားပေးပါခင်ဗျ။

Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

6,236 လွန်ခဲ့သော ၄ နှစ် က

ဖုန်းမာန်တိုး ဟုတ်ကဲ့ဆရာ လေဝင် လေထွက် အတွက် လုပ်လိုက်ပါမယ်။

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

လေဝင်လေထွတ်အတွက် အပေါက်ဖောက်ထားပါသော ဝါး ထည့်ပါ မြေဆွေး အပူချိန်ကြောင့် အကျိုးပြု အဏုဇီဝပိုးများမသေပါ စိတ်မပူပါနှင့်

260,000 လွန်ခဲ့သော ၄ နှစ် က

အော်ဂဲနစ်စိုက်ပျိုးရေးကို အားပေးတဲ့အတွက် လွန်စွာ ဝမ်းမြောက်မိပါသည်။ အဆင်ပြေပါစေခင်ဗျာ။

6,236 လွန်ခဲ့သော ၄ နှစ် က

K.S ဟုတ်ကဲ့ဆရာ သစ်ပင်ရိပ်နေ့ဝက်ရ၍၊ အပုံအား ပလတ်စတစ်အကြည်အောက်ကအုပ် အပေါ်မှ တာရပတ်အနောက်ထပ်အုပ်ထားပါတယ်၊ ကျနေ မထိုးနိုင်အောင် အုန်းလက်များနှင့် ထပ်ကာပါဦးမယ်ခင်ဗျ။

260,000 လွန်ခဲ့သော ၄ နှစ် က

အဆင်ပြေပါတယ်ခင်ဗျာ။ မြေဆွေးပုံသည် အရိပ်ထဲ၌သာ ပြုလုပ်ရပါမည်။ အရိပ်ထဲ မလုပ်မိဘူးဆိုရင် အလင်းရောင်မဖောက်နိုင်အောင် အကာ ကာထားပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။