ဘယ်လိုတွေဆက်လုပ်သင့်သလဲ အတွေ့အကြုံလေး အကြံလေးဝေမျှပါဦး😓ဆေးငါးကြိမ်(ရွေးချယ်၊ မှို+ပိုး ၊ မှို+ပိုး၊ အား+ပိုး ၊ မှို+ပိုး)တော့ဖျန်းပြီးပြီ ကျန်တာဘာတွေဆက်လုပ်ရမလဲမသိတော့လို့😭
bro ရဲ့မတ်ပဲခင်းကိုဖျန်းတဲ့ ဆေးအမည်သိရင်တော့ပိုကောင်းပါတယ်။ ပုံကြည့်ရတာတော့ စုပ်စားပိုးကျသလို အရွက်နုတွေ တွန့်ကုပ်နေပေမယ့် အဲဲဒါက အနည်းလိုအာဟာရလိုအပ်တာပါ။ ပုံမှာ သံချေးကွက်တွေတွေ့နေရတာ ရွက်ပျောက်ထင်ရပေမယ့် bro မတ်ပဲခင်းသွားရင် အဲ့အရွက်တွေကို လုံခြေပြီးအနံရှုရင် ငါးညှီနံ လိုအနံဆိုရင် ဖားဥမှိုဖြစ်ဖို့များပါတယ်။ ဖားဥမှိုဟာ ပေါင်ဒါမှုန့်ဖြူးချသလို လက္ခဏာ ဖြစ်တတ်ပေမယ့် ဆိုးလာရင် အဲလိုအကွက်တွေပေါ်တတ်ပါတယ်။ အပင်က အုံထူပြီး မြေအစိုဓာတ်ကောင်းတာကို တွေ့ရတော့ ဖားဥမှိုဖြစ်ဖို့များပြီး စုပ်စားပိုးကျတာလို့သုံးသပ်မိပါတယ်။ အိမ်မှာ အနည်းလို အာဟာရရယ် ဖားဥမှိုသတ်ဆေးရယ် စုပ်စားပိုးသတ်ဆေးရယ်ကို ပခုံးညောင်းပေမယ့် သုံရက်ခြားနှစ်ကြိမ်လောက်ဖျန်ပေးရင် အဆင်ပြေမယ်လို့ အကြံပြုပါရစေ။ ကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
sulphurနဲ့triazophosရောရလား
ဖြေကြားချက် 5 ခု
ပဲပွင့်ထွေး နဲ့ သီးတောင့်ထိုးအတွက် အကောင်းဆုံး ai လေး ညွှန်ပေးပါဆရာ
ဖြေကြားချက် 2 ခု
အဲ့ ai နဲ့ ပွင့်ထွေး သီးတောင့်ထိုး နိုင် မလား ဆရာ
ဖြေကြားချက် 3 ခု
မတ်ပဲ အသီးတင်ချိန်မှာ ကြက်ဥဂျူလင်စီရယ် ငါးအမိုင်နိုအက်စစ်( FAA+Em) ကို ရောပီးဖြန်းမယ်ဆို အဆင်ပြေနိုင်လားခင်ဗျ...
ဖြေကြားချက် 4 ခု
ဘာပိုးသတ်ဆေးသုံးရမလဲ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။