အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
zaw htoo
zaw htoo 533
လွန်ခဲ့သော ၄ နှစ် က · ဒီပဲယင်း

နွားချေး၊အုတ်ဖိုပြာ၊ပဲဖတ်ခဲ၊နှမ်းဖတ်ခဲ၊ဖွဲနု၊ဆန်ဆေးရည်၊စွန့်ပစ်အချိုခြောက်မှုန့်၊ငှက်ပျောပင်စည်အရွက်တို့နဲ့သဘာဝမြေသြဇာ လုပ်ချင်လို့ပါ။လုပ်ပုံလုပ်နည်း အချိုးအစားနဲ့ ရနိုင်မည့် N-P-K လေး သိချင်လို့ပါခင်ဗျ။

အပင်အာဟာရ ငှက်ပျော
6

ဖြေကြားချက် ၆ ခု

zaw htoo
zaw htoo 533 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

အော်ဂဲနစ် မြေဆွေးဖြစ်တဲ့အတွက် စိတ်ချစွာသုံးပါ။ အချိုးကမှန်းထည့်တယ်ဆိုပြီး ဘေးမဖြစ်နိုင်ပါဘူးခင်ဗျာ။

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

အချိုးကတော့ ရသမျအကုန်ထည့်ပါ။ NPK အချိုးကတော့ထည့်တဲ့ အရာအပေါ် မူတည်ပါတယ်ခင်ဗျာ။

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

နွားချေး၊အုတ်ဖိုပြာ၊ပဲဖတ်ခဲ၊နှမ်းဖတ်ခဲ၊ဖွဲနု၊ဆန်ဆေးရည်၊စွန့်ပစ်အချိုခြောက်မှုန့်၊ငှက်ပျောပင်စည်အရွက်တို့နဲ့သဘာဝမြေသြဇာ ပြုလုပ်နိုင်ပါတယ်ခင်ဗျာ။ မြေဆွေးပုံလုပ်မဲ့နေရာကို အေးပြီးအရိပ်ရတဲ့ နေရာကို ရွေးပါ။ မြေဆွေးပုံကို ပလက်စတစ်၊ ဖန်ကဲ့သို့ မဆွေးနိုင်သော အရာများ၊ ပုပ်နေသော အသီးများက လွဲလို့ ဆံပင်ကစလို့ ထမင်းသိုးအကုန်ထည့်နိုင်ပါတယ်ခင်ဗျာ။

zaw htoo
zaw htoo 533 လွန်ခဲ့သော ၄ နှစ် က

လက်ဘက်ရည် ဆိုင်က ကျရည်နှပ်တဲ့ အချိုခြောက် အမှုန့်ကို ပြောတာပါ။ဒီထဲကတစ်ချို့နဲ့ လုပ်ရရင် လုပ်ချင်လို့ပါ။

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က

ရရှိနိုင်မယ့် NPK အချိုးကတော့ ဓာတ်ခွဲခန်းမှာပဲစစ်ရပါမယ် စွန့်ပစ်အချိုခြောက်မှုန့်ဆိုတာကဘာလဲမသိဖူး မြေဆွေး လုပ်နည်းကတော့ ပုံသေမရှိပါ အဆွေး ခံတာပဲဖြစ်ပါတယ် သာမာန်မြေဆွေး လုပ်နည်းတွေလိုပါပဲ အခုဖော်ပြတဲ့ပစ္စည်းတွေအရ C N ကာဘွန် နိုက်ထရိုဂျင်အချိုး မမျှပါ၊

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။