အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးသက်နိုင်ဦး
လွန်ခဲ့သော ၄ နှစ် က · မိုးညို

ဓါတုဆေးတွေသုံးလာတာကြာပြီဆေးဈေးတွေကလည်းမြင့်တက်နေပြီ ဘေးထွက်ဆိုးကျိုးတွေရှိမှန်းသိလျှက်နဲ့မသုံးပြန်တော့လည်းမရဖြစ်နေတော့ တောင်သူတွေမှာအခက်တွေ့နေရတယ် မြေဆီ၁အိတ်ဆို၉၀၀၀၀ဖြစ်နေပြီ လာမယ့်မိုးစပါးအတွက် ဘယ်လိုဝယ်သုံးမလဲ ဒီနှစ်တစ်ချို့တောင်သူတွေဆို တစ်ဧက ၂၅/၃၀ တင်းလောက်ပဲထွက်ကြတယ် သေပြီပေါ့ လာမယ့်မိုးစပါးအတွက်ဆို ပိုဆိုးပြီပေါ့ သဘာဝ အော်ဂဲနစ် ကိုပြောင်းချင်ပါတယ် ဓါတုကို လွှတ်ပြီး အော်ဂဲနစ်ဘက်ပြောင်းရင် ပိုးမွှား ရောဂါအတွက်အဆင်ပြေနိုင်လားသိချင်ပါတယ်

စိုက်ပျိုး ဗဟုသုတ ပဲတီစိမ်း

ဖြေကြားချက် ၆ ခု

ဖုန်းမဏ်တိုး
ဖုန်းမဏ်တိုး အတည်ပြုပြီး 217,424 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

ချက်ခြင်းပြောင်းရင်တော့အဆင်မပြေနိုင်ပါ ဓာတုကိုလဲ တွဲဖက် ပြီး တစ်ဖြေးဖြေး လျော့ချကြည့်ပါ ဈေးအများဆုံး ဆိုတဲ့ ဝယ်သုံးရတဲ့ပစ္စည်းအပိုင်းကိုအရင် ဩဂန်းနစ်လုပ်ကြည့်ပေးပါ

ဦးတင်ထွန်း
ဦးတင်ထွန်း 1,337 လွန်ခဲ့သော ၄ နှစ် က

တစ်ခုတော့ရှိတယ် ဓါတုမြေသြဇာလည်းတွဲဖက်သုံး ရမယ် ကြက်ဆူနဘတ် သုံးရင် ပုလဲလျှော့သုံးလိုရတဲ့အတွက် ကုန်ကျစားရိတ်သက်သာပြီး လယ်မြေအရည်အသွေးလည်း တိုးတက်လာမှာဖြစ်ပါတယ်

ဦးတင်ထွန်း
ဦးတင်ထွန်း 1,337 လွန်ခဲ့သော ၄ နှစ် က

တမာဆီနဲ့ castor meal natural fertilizer ခေါ်ကြက်ဆူကြိတ်ဖတ် သုံးနိုင်ပါတယ် nitrogen ကြွယ်ဝပြီးfungicide ဆိုတဲ့ မှိုဆောင်ရောဂါအပါအဝင်ပိုးသတ်အာနိသင် ရှိတဲ့အတွက်organic လည်းဖြစ်ပါတယ်

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

အထက်ပါအတိုင်စိုက်ပါက စပါးအထက် အနည်းဆုံး ၂၀ရာခိုင်နုန်းခန့် ပိုထွက်နိုင်ပါသည်။

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

စပါး၁၅ရက်သားမ ၄၅ရက်အတွင်း ၃-၅ရက်တစ်ခါ ငါးအမိုင်နိုဖြန်းပေးရပါမယ်။ မို့ကပ်ချိန်၌ နွားကျင်ငယ် ရေရောပြီးးဖြန်းရပါမယ်။

Agriculturalist K.S
Agriculturalist K.S 260,000 လွန်ခဲ့သော ၄ နှစ် က

သဘာဝစိုက်မယ်ဆိုရင် ဘိုကာရုီနဲ့ဒိုချက်ကင်ကို ၁၀အိတ်-အိတ်၂၀ ခန့် ကျွေစ်ချင်ပါတယ်။ ပိုအတွက်လည်းအော်ဂဲနစ်ဆိုတော့ ပိုးကျမ နိမ်နင်းတာထက် ကာကွယ်တာပိုကောင်းပါတယ်။ စပါးခင်၌ အဝါရောင်ပိုးထောင်ခြောက်တွေစိုက်ထားရပါမယ်။ ကဇင်းပေါ်၌ ထပ်တစ်ရာပင်၊ မုရားကြီးပင်တွေစိုက်ရပါမယ်။ စပေးခင်းရဲ့ပေ၃၀ပတ်လည်၌ စပါးလင်စိုကထားရပါမယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။