အက်ုကြီး အမကြီးတို့ ဒါဘာ ဂမုံး လဲဗျ၊ အရွက်တွေမှာလဲ အဖြူတွေလိုက်နေတယ် ဘာကြောင့်များပါလိမ့်ဗျ၊ဂမုံး ပင်က်ုဘယ်လိုစိုက်ပျိုးပြီး ဘယ်လိုနေရာမျိုးမှာထားသင့်သလဲဗျ၊ဘာတွေလုပ်ဆောင်သင့်ပြီး ဘာတွေရှောင်ရှားသင့်လဲ ပြောပေးကြပါအုံးဗျ☺🌱
တစ်ချို့ကပြောကြတယ် အဲ့တာ ဆင်ဂမုံးတဲ့ အဲ့အပင်စိုက်ရင် ကျမ်းမာရေးညံတက်တယ်လ်ု့ပြောတယ် တစ်ကယ်တန်းသေခြာပြန်လေ့လာကြည့်တော့ အဲ့အပင်က ထုပ်တဲ့ ဓာတ်ငွေ့တစ်မျိုးက ကလေးငယ်တွေအတွက် Toxic ဖြစ်စေတဲ့အတွက် ကလေးငယ်တွေ ကျမ်းမာရေးခြူခြာတာတွေ ဖြစ်စေတာပါ☺ တစ်ကယ်တော့ အဲ့ပင်က ကောင်းပါတယ် စိုက်သင့်ပါတယ် စိုက်ကောင်းပါတယ် (အချစ်အတွက်) အရမ်းကိုဆွဲအားကောင်းတဲ့ (ဂန်မိရ)အပင်တစ်မျိုးပါဘဲ🤗 ဟုတ်ကျေးဇူးပါဗျ❤
ဒါက စာထဲက ကူးလာတာ "ဂမုန်းဟူသောအမည်မှာ ဥရှိသောအပင်ငယ်များစွာတို့ကို ခြုံ၍ခေါ်သောအမည်ဖြစ်သည်။ အချို့မှာ မြေ၌ ပေါက်သည်။ အချို့မှာ အပင်ကြီးတွင် တွယ်ကပ်ပေါက်သော ပင်ဆင့်မျိုးဖြစ်သည်။ ပင်ဆင့်မျိုးမှာ ရုက္ခဗေဒအလိုအားဖြင့် ပါရာဆိုက်များဖြစ်သည်။ သာမန်အားဖြင့် ဂမုန်းသည် ပုတတ်စာ၊ နနွင်း၊ တောက်တာ စသည်တို့နှင့်အတူ ကင်းဖီရီးယား မျိုးစုတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ သို့သော် မြန်မာအခေါ် ဂမုန်းမှာ အလွန်များပြားလှ၍ ရုက္ခဗေဒအမည်တစ်ခုတည်းကို စွဲ၍မယူအပ်ချေ။ ကျောက်ကျမ်း၊ ဂမုန်းကျမ်းနှင့် ကဝေသာရကျမ်း တို့တွင် ဂမုန်းမျိုးပေါင်း (၁ဝ၉) မျိုး ပြထားပေသည်။"
သူက Pothos မျိုးနွယ်ဝင် အပင်ပါ။ ဒီမှာတော့ ထိုင်းရွှေလာ ငွေလာလို့ ခေါ်ကြပါတယ်။ သူ့ အပင်မှာ အဖြူပျောက်ပါတာက သဘာဝပါ။ အရမ်း အကြမ်းခံတဲ့ အပင်ပါ။ အိုးသေးနဲ့စိုက်ရင် ဘွန်ဆိုင်းလို သေးသေးလေးတွ ဖြစ်သွားပြီး မြေကြီးပေါ် ချစိုက်ရင် အဟာရ ရရင် ရသလို ထီးလောက်နီးနီး အရွက်ကြီးလာတာ မြင်ဖူးပါတယ်။ တချို့ကလဲ အိမ်တွင်းလေသန့်ပင်စာရင်းထဲမှာ ထည့်ကြပါတယ်။ ပြုစုစောင့်ရှောက်ဖို့ အထူးတလည် မလိုတဲ့ ချစ်ဖို့ကောင်းတဲ့ အပင်မျိုးပါ။ ရေကြိုက် နေကြိုက်ပါတယ်။ အများစုကတော့ နွယ်မျိုးရင်းဝင် အပင်မို့ ချိတ်ဆွဲ စိုက်ပျိုးကြပါတယ်။
ဆက်စပ်မေးခွန်းများ
သစ်ခွပင်ထိန်းသိမ်းနည်း သိချင်လို.ပါ
ဖြေကြားချက် 4 ခု
ပေါင်းပင်တွေပေါက်နေပြီး လက်ရှိစိုက်ထားတဲ့ အလှပင်တွေလည်း ရောနေလို့ ပေါင်းသတ်ဆေးဖြန်းရင် တခြားအပင်တွေရောသေနိုင်...
ဖြေကြားချက် 1 ခု
မြေချဥ်နေလို့ မြေပြင်ဖို့ ထုံးထည့်ချင်တာ ဘယ်လိုအချိုးနဲ့ စပ်ပြီးထည့်ပေးရမလည်း ခင်ဗျ ကျေးဇူးပြုပြီး ဖြေကြားပေး...
ဖြေကြားချက် 5 ခု
Nasturtium အပင် သို့မဟုတ် မျိုးစေ့ ဘယ်မှာရှာလို့ရနိုင်မလဲခဗျာ ?
ဖြေကြားချက် 2 ခု
ဆရာတို့ဒါဘာပင်လဲခဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။