အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,722
လွန်ခဲ့သော ၈ နှစ် က · ယင်းမာပင်

ကုလားပဲ စိုက်မြေကို ဘယ်လိုပြုပြင်ရမလဲ။ သီးတုန်းပွင့်တုန်းသေကုန်တာဗျာ။နှစ်တိုင်းလည်းမစိုက်ဘူး။အခြားသီးနှံတလှည့်...

ကုလားပဲ စိုက်မြေကို ဘယ်လိုပြုပြင်ရမလဲ။ သီးတုန်းပွင့်တုန်းသေကုန်တာဗျာ။နှစ်တိုင်းလည်းမစိုက်ဘူး။အခြားသီးနှံတလှည့်ပြောင်ပြီးစိုက်တယ်။ကုလားပဲပြန်စိုက်တဲ့နှစ်ကြရင် ထိုနည်းတူသေတာပဲ။ဘယ်လိုစိုက်သင့်လဲရှင်းပြပေးပေးပါဗျာ။

စိုက်ပျိုး ဗဟုသုတ ကုလားပဲ ကုလားပဲတွင်ဖြစ်ပေါ်တတ်သောရောဂါများ
9

ဖြေကြားချက် ၉ ခု

3,142 လွန်ခဲ့သော ၆ နှစ် က

၂ဧကစာပါ

3,142 လွန်ခဲ့သော ၆ နှစ် က

မြေခံ အာမို၂လုံး ပုလဲ၁လုံးထည့်၁၂ရက်သားရေတင်တာကပိုက်ရွေ့တင်ရတာပါမောင်းချလို့မရပါဘူး ချေနင်ခံရင်ပုလဲတစလုံးထက်ပက်ပါ

3,142 လွန်ခဲ့သော ၆ နှစ် က

မြေကိုလောက်စာလုံးရရင်ထွန်ပါ အပင်ပေါက်ပြီး၁၂ရက်နဲ့၁၅ရက်အတွင်းရေတင်

3,722 လွန်ခဲ့သော ၈ နှစ် က

ဟုတ် ကျေးဇူးပါ

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၈ နှစ် က

မြေရဲ့ ph ကို စစ်သင့် သလို သဘာဝမြေသြဇာများများ အသုံးပြုဖို့လဲ လိုပါတယ် နောက်တစ်ခုက မျိုးကောင်းမျိုးသန့်တွေ နောက်အချိုးများ တဲ့ မြေခံတွေ ဓာတုဆေးဝါကို စနစ်တကျ သုံးစွဲတာတွေ လုပ်သင့်ကြောင်းပါ အကို

44,928 လွန်ခဲ့သော ၈ နှစ် က

မြေဆောင်ရောဂါဖြစ်တဲ့အတွက်ရောဂါဖြစ်စေတဲ့သက်ရှိကတော့ရှိနိုင်ပါတယ်။

2,552 လွန်ခဲ့သော ၈ နှစ် က

ကျွန်တော်တို့ဘက်လဲသေပါတယ်အပင်ခြေတွေကမှိုစွဲတာပါမှိုသတ်ဆေးပက်ရပါတယ်

2,672 လွန်ခဲ့သော ၈ နှစ် က

နောက်နှစ်တွေမှာရော ရောဂါက ဆက်ရှိနိုင်သေးလား

44,928 လွန်ခဲ့သော ၈ နှစ် က

ဒီရောဂါကိုတော့ကုလားစိုက်တဲ့နေရာတော်တော်များများမှာတွေရပါတယ်။အချို့ဆိုအပင်ငယ်စဉ်ကတည်းကတဖြည်းဖြည်းသေကုန်တာကိုတွေ့ရပါတယ်။အဓိကတော့မြေဆောင်ရောဂါလို့ပဲထင်ပါတယ်။ဖြစ်နိုင်တာပိုတက်နဲ့ဂျစ်ဆင်ကျောက်မှုန်ကိုမြေခံထည့်သင့်ပါတယ်။မစိုက်မီမျိုးစေ့ကိုမှိုသတ်ဆေးနဲ့နူးနယ်စိုက်ပျိုးသင့်ပါတယ်လို့အကြံပြုပါရစေအစ်ကို

You

ဆက်စပ်မေးခွန်းများ

ကုလားပဲတစ်လခွဲသားနှစ်လသားမှာအမြစ်မှိုစွဲတဲ့ရောဂါအပင်အသေအပျောက်ပျောက်ကင်းအောင်မျိုးလူးဆေးဘယ်လိုဆေးမျိုးအသုံးပြု...

ဖြေကြားချက် 1 ခု

ယနေ့ ဒီဇင်ဘာ 28 ရက် 2018မှာ ကျနော့ ကုလားပဲခင်း အပင်ရွက်ဖျားများခြောက်၍ ၂ ရက်လောက်အကြာတွင် အဝါသို့ ကူးပြောင်းကာ...

ဖြေကြားချက် 7 ခု

မှိုရောဂါအတွက် နောက်အပင်တွေကိုကာကွန်ကွယ်နိုင်အောင်ဘာဆေးသုံးရမလဲဗျ

ဖြေကြားချက် 4 ခု

ကုလားပဲပင်တွေသေနေတာ။မြစ်ပိုးစွဲတယ်လို့လဲပြောကြတယ်။ကုသကာကွယ်တဲ့ဆေးလည်းခုထိမတွေ့ကြ၇သေးပါ။ထိရောက်အောင်ကာကွယ်ကုသ...

ဖြေကြားချက် 6 ခု

ကုလားပဲပင်တွေက အသီးဝင်နေတုန်းကွက်သေနေလို့ဗျာ ဘာဆေးသုံးရမလဲမသိလို့ ဆေးအညွန်းလေးပြောပေးကြပါအုံး.....

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။