ဖြေကြားချက် ၂ ခု
ရေမြေရာသီဥတု ရေကြိုက်သီးနှံဖြစ်သောကြောင့်ရေထိန်းသိမ်းအားနည်းသောသဲမြေနှင့်ဆပ်ပြာကျင်းမြေတို့တွင်မစိုက်ချေ။ရေသို လှောင်ထိန်းသိမ်းနိုင်သောမြေဖြစ်လျှင်ကန်စွန်းကိုစိုက်ပျိုးနိုင်သည်။မြေအချဉ်ဓာတ်ကိုအတော်ခံနိုင်သောကြောင့်မိုးများဒေသတွင်အစိုက်များသည်။အအေးဒဏ်ခံနိုင်သောကြောင့်တောင်ပေါ်ဒေသတွင်ဆောင်းတွင်း၌မဖြစ်ထွန်းချေ။ မြေပြုပြင်နည်း ထယ်(၂)စပ်ထိုးပြီး၊ထွန်(၆-၈)စပ်မွှေပါ။ထွန်ရေးညက်ကစိုက်ပျိုးရန်အတွက်ကန်သင်းဖော်၍အကွက်ဖော်ပါ။၎င်းနောက် ရေသွင်းပြီး သမန်းညက်သည့်အထိ ဆက်လက်ထွန်မွှေပါ။ မြေသြဇာကျွေးနည်း အခင်းသစ်တွင် မြေပြုပြင်ချိန်၌ နွားချေး(၁၀-၁၅) စီးထည့်သွင်းပြီး၊ ဓာတ်မြေသြဇာများကို မစိုက်မီ (၁-၂) ရက်အလိုတွင် တစ်ဧကလျှင် ယူရီးယား(၁၁၂)ပေါင်၊ ဖော့စဖိတ်(၅၆)ပေါင်ထည့်ပေးပါ။ စိုက်ပျိုးပြီးတစ်လ အကြာတွင် နောက်ထပ် ယူရီးယား(၁၁၂)ပေါင် ထပ်မံကြဲပက်ပေးပါ။ စိုက်ပျိုးနည်း ကန်းစွန်းကို ကိုင်းဖြတ်စိုက်ပျိုးနိုင်သော်လည်း အညွန့်ဖြတ်စိုက်က ပို၍ ရှင်သန်သည်။ အဆစ်အနည်းဆုံး(၄)ဆစ်ပါသော ကိုင်းများကို (၈-၁၀)လက်မ အရှည့်ခန့်ဖြတ်ယူ၍ စိုက်ကျင်းတစ်ကျင်းလျှင်(၂-၃)ပင် စိုက်ပါ။ စိုက်ရာတွင် စပါးစိုက်သကဲ့သို့ လက်ဖြင့် အောက်ခြေပိုင်းကို မြေထဲအဆစ်(၂)ဆစ်ဝင်အောင်ထိုးစိုက်ပါ။ တစ်တန်းနှင့်တစ်တန်းတစ်ပေကွာ၊ စိုက်တန်းတွင် တစ်ပင်နှင့်တစ်ပင် (၁၀)လက်မခြား၍ စိုက်ပါ။ မိုးတွင်းစိုက်ပျိုလျှင် မိုးကြီးရိုက်၍ အပင်များပါမသွားစေရန် အပင်ခြေတွင် တုတ်စိုက်ပြီး ချည်ထားပေးရန်လိုသည်။ တစ်ဧကလျှင် ပင်စည်ဖြတ်ပိုင်း (၁၀၀၀၀-၁၅၀၀၀) လိုသည်။ ရေသွင်းနည်း အပင်များချစိုက်ပြီးလျှင် ပြီးချင်း (၃)လက်မအနက်ရအောင် ရေသွင်းပေးပါ။ အပင်များကြီးထွားလာသောအခါတွင် အခင်းထဲ၌ ရေ(၃) လက်မမှ (၆)လက်မအထိရှိနေစေရန်ထိန်းသိမ်းပေးပါ။ နွေရာသီပူပြင်းသောအချိန်၌ အပူရှိန်ကြောင့် စိုက်ခင်းရှိရေများပူလာ၍ အပင်ကိုထိခိုက်နိုင်သောကြောင့် တစ်ပတ်တစ်ကြိမ်ရေလဲသင့်သည်။ အပင်ပြုစုနည်း စိုက်ပြီး(၂၀-၃၀)ရက်အတွင်း ပေါင်းမြက်နှင့် အခြားအပင်များ ပေါက်လာပါက ရှင်းလင်းပေးပါ။ ၎င်းနောက် ဓာတ်မြေသြဇာ ကြဲပက်ပါ။ ကန်စွန်းရိတ်သိမ်းရာ၌ ပေါင်းများရှိနေပါက တစ်ပါတည်းရှင်း၍ ဓာတ်မြေသြဇာ ကြဲပက်ပါ။ ရိတ်သိမ်းခြင်း ကန်စွန်းကို ရိတ်သိမ်းရာတွင် ရေကို အခင်းအတွင်း(၅)လက်မသို့ လျှော့ချပြီး၊ ကန်စွန်းပင်များကို ရိတ်သိမ်းရန်ဖြစ်ပါသည်။ ရိတ်သိမ်းပြီးကျန်နေသော ကန်စွန်းငုတ်များကို ရေပေါ်တင်(၂-၃) လက်မပေါ်နေရန်လိုပါသည်။ သို့မှသာ ၎င်းအပင်ငုတ်များမှ ထပ်မံပြီး အတက်များထွက်နိုင်မည်ဖြစ်ပါသည်။ ကန်စွန်းပင်များကိုစိုက်ပြီးနောက် ရက်(၆၀-၁၂၀) ကြာလျှင် ရိတ်သိမ်းနိုင်ပြီဖြစ်ပါသည်။ ကန်စွန်းသည် မိုးတွင်းအခါများတွင် အလွန်ဖြစ်သည်။ တစ်ဧကလျှင် ကန်စွန်းပိဿာချိန်(၅၀၀-၁၀၀၀) အထိထွက်နိုင်ပါသည်။ ကန်းစွန်းပင်များသည် ကြာရှည်စွာသိုလှောင်၍ မရပါ။ ရိတ်သိမ်းပြီး(၁-၂) ရက်အတွင်း ညှိုးနွမ်းကုန်ပါသည်။ သို့အတွက် အမြန်ဆုံးရောင်းချရန်အရေးကြီးပါသည်။ သတိပြုရန် အချက် (၁) ကန်စွန်းရွက်များစိုက်ရာတွင် အပင်များအားလုံး ရေမြုပ်အောင် မစိုက်ရပါ။အပင်များရေမြုပ်က အပင်များသေကုန်မည်ဖြစ်သည်။ (၂) ကန်စွန်းသည် ရေကြိုက်သဖြင့် ကန်စွန်းခင်းကို ရေမပြတ်ပေးထားရန် အရေးကြီးပါသည်။
ဆက်စပ်မေးခွန်းများ
ကန်စွန်းဥ ငချိတ် မျိုးဥ လိုချင်ပါတယ် ဖုန်းနံပတ်လေးများ ချန်ထားခဲ့ပေးပါဗျ
ဖြေကြားချက် 2 ခု
မိတ္ထီလာစိုက်ပျိုးရေးပွဲတော်မှအစက်ချစိုက်ပျိုးထားတဲ့တပိုင်တနိုင်အခင်းလေးပါ
ဖြေကြားချက် 2 ခု
ဖြစ်တက်သောရောဂါနဲ့သုံးရတဲ့ဆေးမျ ားပြောပြပါလ ား ရေကန်ဇွန်းပါ
ဖြေကြားချက် 1 ခု
ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာသုံးဖို့ ဆေးရွက်ကြီး+ဆပ်ပြာ ပိုးသတ်ဆေးဖော်စပ်ပုံနှင့် ကာကွယ်အသုံးပြု...
ဖြေကြားချက် 3 ခု
မျိုးစေ့လမ်းညွှန်ပေးကြပါ။
ဖြေကြားချက် 2 ခု