ဖြေကြားချက် ၁ ခု
အချို့ သြဂဲနစ်စိုက်ခင်းတွေကမှာတော့ ရွက်ဖြန်းဆေးအနေနဲ့ရော ပိုးမွှားရောဂါဒဏ်ခံနိုင်ရည် မြင့်လာဖို့အတွက်ရော အသုံးပြုကြပါတယ်။ ဒါပေမယ့် သေချာလေ့လာထားတာတော့ မတွေ့ရပါဘူး။ အချိုးအစားကလည်း အတိအကျကြီးတော့ မရှိပါဘူး။ မူရင်း နွားနို့မှာလည်း ဘယ်လောက်စစ်လဲဆိုတာလည်း ရှိပါတယ်။ အချို့ကတော့ ၁အချိုး ၉ နဲ့ စပ်ကြပါတယ်။ အပင်အားရှိဖို့အတွက်ဆိုရင်တော့ နွားနို့အစား ဈေးပိုသက်သာတဲ့ ငါးအမိုင်နိုအက်စစ်လိုမျိုးက အပင်တွက် ပိုကောင်းပါတယ်။ အပင်မှာ အဝါပြောက်တွေကျတာအတွက်တော့ ဓာတ်ပုံရိုက်ပြီး ထပ်မေးပေးပါဗျ။ ပုံမြင်ရမှ ဘာဖြစ်လဲဆိုတာ ပြောပေးနိုင်မှာဖြစ်ပါတယ်ဗျ။
ဆက်စပ်မေးခွန်းများ
စိုက်ရက် ၁၀ ရက်ကျော်ပါပြီအပင်လေးတွေမကောင်းလို့ပါအဟာရလိုတာလားရောဂါဖြစ်နေတာလားကြည့်ပေးပါအုံးဘာလုပ်သင့်လဲအကြံပေး...
ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်အပင် အသီးစသီးနေတ့ဲအချိန်အပင် အောက်အရွက်တွေဝါပြီးကြွေကျနေလို့ ဘာဖြစ်လို့လဲဗျာ ဘယ်လိုလုပ်ရမလဲဗျာ
ဖြေကြားချက် 1 ခု
အရွက်တွေတွန့်လိပ်ခြင်း အညွန့်တွေညှိုးခြောက်ခြင်း အသီးများကြီးထွားမှုနှေးကွေး၍ အဖျားရှူးခြင်းများသည် အပင်အာဟာရ...
ဖြေကြားချက် 3 ခု
ယခုအပင်များပိုးကျတာလားခဗျဘယ်လိုအားဆေးဖျန်းသင့်လဲ
ဖြေကြားချက် 4 ခု
စုပ်စားပိုးအတွက်ဒီဆေးကောင်းနိင်လားခဗျ
ဖြေကြားချက် 2 ခု