ဖြေကြားချက် ၃ ခု
စိုက်ပျိုးခြင်း စိုက်ပျိုးမည့် မြေနေရာရွေးချယ်ရာတွင် သစ်တောပင်ကြီးများ၊ သစ်သီးပင်ကြီးများ (ဥပမာ-ဒညင်းပင်) ပေါက်ရောက်လျှက်ရှိသော တောင်ကုန်းတောင်စောင်းနေရာများရှိ ချုံနွယ်ပင်များအား ခုတ်ထွင်ရှင်း လင်းပြီး စိုက်ပျိုးလေ့ရှိသည်။ စိုက်ပျိုးရာတွင် တစ်ပေပတ်လည် ကျင်းများတူး၍ တစ်ကျင်းလျှင် ပင်ပွား အတက် (၁ - ၃) ပင်ကို မေ လနှင့် ဇွန်လဆန်းပိုင်းများတွင် စိုက်ပျိုးလေ့ရှိသည်။ စိုက်ကျင်းတစ်ကျင်းနှင့် တစ်ကျင်းကြား (၃) ပေ ပတ်လည်ဖြင့် တစ်ဧကလျှင် (၄၈၄၀) ပင်နှုန်း စိုက် ပျိုးနိုင်သည်။ မြေသြဇာထက်သန်မှုအပေါ် မူတည်၍ ပထမနှစ်တွင် စိုက်ကျင်းတစ်ကျင်းမှ (၃-၁၀) ပင်ထိ ပွားများနိုင်သည်။ ဒုတိယနှစ်၌ စိုက်ခင်းတွင် သစ်တောပင်ကြီးများ၏ အရိပ်များလွန်းပါက အရိပ်ရာခိုင်နှုန်း ၆၀ % ခန့်ရှိအောင် ပြုပြင်ဖယ်ရှားပေးရသည်။ သို့မှသာ တတိယနှစ်တွင် သီးထွက်နှုန်း ကောင်းနိုင်ပါသည်။ ချဉ်ပေါင်ဖာလာသည် အရိပ်ကျရောက်မှု များလွန်းပါက သီးပွင့်မှု နည်းပါးသည်ကို တွေ့ရသည်။ ထို့ပြင် ဒုတိယနှစ်မှစ၍ နှစ်စဉ် ချဉ်ပေါင်ဖာလာခင်း၏ အောက်ခြေအား ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ချဉ်ပေါင်ဖာလာ ပင်သေပင်ခြောက်များအား ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် အထွက်နှုန်းအပေါ် အကျိုး သက်ရောက်မှုရှိကြောင်း တွေ့ရသည်။ ဒေသတွင်းရှိ ချဉ်ပေါင်ဖာလာများတွင် ဓါတ်မြေသြဇာသုံးစွဲမှု မရှိသလောက်နည်းပါးသည်ကို တွေ့ရ သည်။ အသီးအပွင့်များအား ကြွက်နှင့် ရှဉ့် ကိုက်ဖြတ်စားသောက်မှုမှလွဲ၍ ပိုးမွှားကျရောက်မှု မရှိ သလောက်ဖြစ်သည်။ ခူးဆွတ်ရိတ်သိမ်းခြင်း ပင်ပွားစိုက်ပြီး တတိယနှစ်မှ စတင်၍ ဆွတ်ခူးနိုင်ပါသည်။ တစ်ဧကလျှင် (၅ - ၇)ပိဿာ အထိ ထွက်ရှိနိုင် ပြီး ပဉ္စမနှစ်မှစတင်၍ မျိုးနှင့် အပင်ပြုစုနိုင်မှုပေါ်မူတည်၍ တစ်ဧကလျှင် (၂၀-၃၀) ပိဿာ ထိ ထွက်ရှိနိုင်ပါသည်။ ချဉ်ပေါင်ဖာလာသည် မေလကုန်မှစတင်၍ အပွင့်ပွင့်ပြီး စက်တင်ဘာလမှ နိုဝင်ဘာလတွင် ခူးဆွတ် ရိတ်သိမ်းလေ့ရှိသည်။ ခူးဆွတ်ရာတွင် အခိုင်လိုက် ခူးဆွတ်၍ အခြောက်လှန်းသည့်နေရာ ရောက်သော အခါမှ သီးလုံးတစ်ခုခြင်း ဖြုတ်ယူပါသည်။
ဆက်စပ်မေးခွန်းများ
ချဉ်ပေါင်ဖာလာက စထွက်ကတည်းက အစိမ်းရောင်အသီးလား အရောင်ပြောင်းလဲမှုရှိပါသလား
ဖြေကြားချက် 1 ခု
ရာသီဥတု ၃ မျိုးရှိသည့် မြန်မာနိုင်ငံတွင် ရာသီဥတု ၁မျိုးစီတွင် စိုက်ပျိုးစားသောက်နိုင်သော သီးနှံအမျိုးစားများ...
ဖြေကြားချက် 2 ခု
ချဉ်ပေါင်ဖာလာကအမြင့် ၂၀၀၀ပေကျော်မှာ စိုက်ရပြီး မြေနိမ့်ရင်အသီးမသီးဟုသိရပါသည် ရက မတလ အမြန်လမ်း ၆၄ မိုင်လောက်...
ဖြေကြားချက် 1 ခု
မန္တလေး ပွဲရုံ တိုက်ရိုက်ရောင်းချင်ပါတယ် ဖုန်းနံပါတ်သိရင် ပြောပြပေးပါ
ဖြေကြားချက် 0 ခု
မြေအောင်းပိုးဆိုတာဘာအကောင်တွေလဲဗျ ကျွန်တော် စိုက်ခင်းမှာ တီကောင်နဲ့ခြကောင်တွေပေါနေလို့ မြေအောင်းပိုးတွေရှိခဲ့...
ဖြေကြားချက် 2 ခု