ဒီနွားလေးကအခု၁၂လသားပါ...မြန်မာမျိုးပါ...အဟာရအပြည့်မွေးကတည်းကကျွေးပါတယ်...သူ့ကိုလ၂၀မှာစပြီးသားစပ်နွားသိုးလုပ်ပါမယ်...နုနေမလားလိ့ုထင်ပါတယ်...အာ့လိုသားစပ်ရင်ကြီးထွားနှုန်းတန့်သွားမလား...အဟာရအပြည့်ကျွေးရင်လ၂၀နဲ့စပြီးသားစပ်လိ့ု်ရနိုင်ပါသလား...
နွားများ ကြီးထွားဆဲအရွယ်တွင်ကျွေးသည့်အစာတွင် အသားဓာတ် ၁၈%၊ အင်အားဓာတ် ၈-၁၀ MJME/kg ပါသည့် အစာအခြောက်ကို ခန္ဓာကိုယ်အလေးချိန်၏ ၃-၄% ကျွေးရမည်ဖြစ်ပြီး အစိုဖြစ်ပါက ခန္ဓာကိုယ်အလေးချိန်၏ ၁၀-၁၂% ခန့် ကျွေးရပါမည်။ ကိုယ်အလေးချိန် ၃၀၀ ကီလိုဂရမ်ရှိလျှင် အစာခြောက်ဆိုပါက ၁၀ ကီလိုဂရမ်ခန့်ကျွေးရမည်ဖြစ်ပြီး အစာအစိုဖြစ်ပါက ၃၀ ကီလိုဂရမ်ခန့်ကျွေးရပါမည်။ ထိုပမာဏသည် အထက်ဖော်ပြထားသည့် အသားဓာတ်နှင့်အင်အားဓာတ်ပါဝင်ရပါမည်။ ပုံမှန်ဒေသမြက်၏ အာဟာရဓာတ်ပါဝင်မှုသည် အသားဓာတ် ၆-၈ ရာခိုင်နှုန်းနှင့် အင်အားဓာတ် ၆ MJME ခန့်သာပါဝင်တတ်သည်ကိုတွေ့ရပါသည်။ အကယ်၍ ထိုကဲ့သို့ဒေသမြက်ကိုကျွေးပါက အာဟာရဓာတ်ပြည့်မီရန် နွားတစ်ကောင်စားနိုင်သည့်ပမာဏထက် အမြောက်အများပိုကျွေးရမည်ဖြစ်သည့်အတွက် အာဟာရဓာတ်ပြည့်မီမည်မဟုတ်ပါ။ ထို့ကြောင့်ဒေသမြက်ကိုအခြေခံပြီးကျွေးပါက အာဟာရဓာတ်ပြည့်မီရန် အသားဓာတ်နှင့်အင်အားဓာတ်မြင့်မားသည့်အစာနုများဖြင့်စနစ်တကျရောနှောကျွေးသင့်ပါသည်။
အခု အသက် ၁၂ လမှာ 300kg ဆိုရင် အဲ့နွားက တနေ့ကို 0.75kgခန့် နှုန်းနဲ့တိုးနေတဲ့အတွက် အသားတိုးနွားအဖြစ်မွေးနိုင်ပါတယ်။ ရောင်းတန်းဝင်တော့မယ့် ၂နှစ်သားအရွယ်အသားစားနွားတွေက တရက်အသားတိုးနှုန်းက 1kg ခန့်နှုန်းနဲ့တိုးခဲ့တာပါ။ အသားတိုးနွားတွေကို ရောင်းတန်းဝင်ခါနီးရင်တိုးကျွေးကြပါတယ်။ ဒါကြောင့် ဒီနွားက အခု ၁နှစ်မှာ 0.75 kgခန့်နှုန်းတိုးတာမို့ ကြီးထွားလာတာနဲ့အမျှ တိုးကျွေးနိုင်ရင် ရောင်းတန်းတိုးနှုန်းမီနိုင်ပါတယ်။ ပြီးတော့ လ၂၀သား မှာ စစပ်လို့ ကြီးထွားနှုန်းလျော့တာမျိုးမဖြစ်ပါဘူး။
ဆက်စပ်မေးခွန်းများ
နွားမွေးမြုူရေး နဲ့ပတ်သက်တဲ့ပြည့်စုံခတ်မှီတဲ့စာအုပ်တွေဖတ်ချင်ပါတယ်...လမ်းညွှန်ပေးပါ
ဖြေကြားချက် 1 ခု
ဒီနွားမဆိုလျှင်...ကီလိုဂရမ်နဲ့ဘယ်လောက်ရှိနိုင်မလဲ
ဖြေကြားချက် 2 ခု
အသားတိုးနွားမွေးဖိ့ုအဓိကပါ မကွေးတိုင်းအတွင်း...မကွေးမြို့မှာကျနော်နေပါတယ်...ဘရာမန်အထွား...အဝနွားမျိုးနဲ့...ကျ...
ဖြေကြားချက် 4 ခု
ကျွန်တော်နွားတွေကိုမနက်၆နာရီကနေ...၈နာရီခွဲထိတစ်ကြိမ်မြက်စဉ်းကျွေးပါတယ်...နေ့လည်၃နာရီကနေ...၆နာရီထိကျွေးပါတယ်......
ဖြေကြားချက် 4 ခု
အခုဒီ...9လသားမြန်မာရိုးရိုးနွားဟာ...ကြီးထွားမှုအမြင့်ကြီးမဟုတ်တောင်...အလယ်အလတ်ထဲမှာပါဝင်ပါသလား..သိ့ု...ကြီး...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။