ဖြေကြားချက် ၁ ခု
ပွားယူလို့ပဲရပါတယ်ရှင့် လိုအပ်တဲ့ပစ္စည်းတွေကတော့ • ထရိုင်ကိုဒါးမားမှို အမှုန့်အနည်းငယ် • ဆန် ၃ ခွက် • ရေ ၂ ခွက် • မွှေစရာ ဇွန်းတစ်ချောင်း ၊ • ဇစ်ပါတဲ့ ပလပ်စတစ် လေလုံအိပ် ၊ • သားရေကွင်း ၊ • အပ် - ဆန် ၃ ခွက် ရေ ၂ ခွက်နဲ့ ထမင်းကို ရေခမ်းချက်လိုက်ပါ။ ထမင်းချက်ပြီးသား ၂ ဇွန်းမောက်မောက်ကို ဇစ်ပါတဲ့ ပလပ်စတစ်အိပ်ထဲကိုထည့်ပါ။ လေတွေကုန်အောင် ညှစ်ထုတ်လိုက်ပါ။ ဇစ်ပိတ်လိုက်ပြီး ကိုင်လို့ရတဲ့အထိ အေးအောင်ထားလိုက်ပါ။ - ထမင်းတွေအေးသွားတဲ့အခါ ထရိုင်ကိုဒါးမားမှို ၂ ဇွန်းထည့်ပါ။ ပြီးရင်ပြန်ပိတ်လိုက်ပါ။ ဒီအချိန်မှာတော့ လေတွေကို ညှစ်ထုတ်စရာမလိုတော့ပါဘူး။ ဇစ်နဲ့ပြန်မပိတ်တော့ဘဲ သားရေပင်နဲ့စည်းလိုက်ပါ။ - အိတ်ထဲမှာ ထမင်းနဲ့ မှိုတွေနဲ့ သမအောင်လိုက်ပါ။ နယ်ပြီးရင်တော့ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် အိတ်ထဲမှာပဲ တစ်ဖက်ဖက်ကိုကပ်ပြီး စုလိုက်ပါ။ အပေါ်ပိုင်းမှာ လေတွေခိုနေသေးရင် အပ်နဲ့ဖောက်လိုက်ပါ။ ပြီးရင်တော့ သန့်ရှင်းတဲ့တစ်နေရာရာမှာ သိမ်းထားလိုက်ပါ။ မှောင်နေတဲ့နေရာမဖြစ်ဖို့တော့ လိုပါတယ်။ - (၂)ရက်တစ်ခါလောက်ကြည့်ပေးပြီး ထမင်းတွေအပေါ်တက်လာရင် အောက်ဘက်ကိုဖိဖိချပေးပြီး လေတွေထုတ်ပေးပါ။ ၇ ရက်ကြာတဲ့အခါ သုံးလို့ရပါပြီ။ ၃ -၄ ပတ်လောက်ထိ သုံးလို့ရနိုင်ပါတယ်။မှိုတွေက အစိမ်းရင့်ရောင်ကနေ အဝါဖျော့၊ အဖြူရောင်တွေထိ တွေ့နိုင်ပါတယ်။ မှိုတွေအောင်မြင်တယ်ဆိုရင်တော့ အုန်းဆီနံ့သင်းသင်းလေး ရမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ အိမ်မှာပဲ ထရိုင်ကိုဒါးမားမှိုကို မွေးမြူလို့ရပြီဖြစ်ပါတယ်။ မှိုမွေးထားတဲ့ ထမင်း ၁ ကီလိုဂရမ်ကို ရေ ၂၀၀ လီတာနဲ့ ရောစပ်ပြီး အသုံးပြုနိုင်ပါပြီ။ မှိုမွေးတဲ့အထဲမှာမှ မလိုအပ်တဲ့မှိုမျိုးတွေကို ဖယ်ပစ်ဖို့နဲ့ စနစ်တကျစွန့်ပစ်ဖို့တော့ ဂရုစိုက်ရပါမယ်။ ထရိုင်ဂိုဒါးမားမှိုအကြောင်းသိလေ ကောင်းကောင်းမွေးမြူနိုင်လေဖြစ်မှာပါ။ ထရိုင်ကိုဒါးမားမှိုတွေက အစားကြီးလို့ လွယ်လွယ်ကူကူနဲ့ပဲ ပွားယူလို့ရပါတယ်။ ဝယ်ယူထားတဲ့မှိုတွေကို တိရိစ္ဆာန်အညစ်အကြေး မြေဆွေးတွေထဲကို ထည့်လိုက်ပြီး ဂုံနီအိတ်အစိုနဲ့ ဖုံးအုပ်ထားလိုက်ရုံပါပဲ။ ၁၂- ၁၅ ရက်လောက်ကြာတဲ့အခါ နွားချီးမြေဆွေးပုံတစ်ခုလုံးမှာ ထရိုင်ဂိုဒါးမားမှိုတွေ ပေါက်နေပြီဖြစ်ပါတယ်။ ဒီမြေဆွေးတွေကို ထရိုင်ကိုဒါးမားမှိုပါတဲ့ မြေဆွေးအဖြစ် အပင်အတွက် သုံးလို့ရပြီဖြစ်တယ်လို့ အိန္ဒိယက ပညာရှင်တစ်ချို့ကပြောပါတယ်။ ဒီမှိုတွေကို သဘာဝမြေတွေမှာ တွေ့ရတတ်ပြီး ၂၅ ဒီဂရီစင်တီဂရိတ်နဲ့ ၄၀ ဒီဂရီစင်တီဂရိတ်ကြားမှာပဲ အသက်ရှင်နိုင်ပါတယ်။ စျေးကွက်ထဲကနေ ထရိုင်ကိုဒါးမားမှိုအမှုန့်ဝယ်ပြီး ကိုယ်တိုင်ပွားယူကာ စိုက်ပျိုးရေးမှာ အကျိုးထိရောက်စွာ အသုံးပြုနိုင်ကြစေဖို့ ရေးသားတင်ပြလိုက်ရပါတယ်။
ဆက်စပ်မေးခွန်းများ
ထဂိုဒါးမား ဘယ်မှာဝယ်လို့ရလဲဗျ...သိတဲ့ဆရာများ ဖြေပေးပါအုံးဗျ...ကျေးဇူး အထူးတင်ပါတယ်...။
ဖြေကြားချက် 3 ခု
ထရိုင်ကို ဒါးမား မှိုကိုဘယ်မှာဝယ်ယူလို့ရလည်းမသိ
ဖြေကြားချက် 2 ခု
ထရိုင်ကိုဒါးမားမှိုအကြောင်းသိချင်ပါတယ် ပီးတော့ကိုယ်တိုင်ပြုလုပ်နည်းရှိရင်ဝေမျှကြပါအုံးဆရာတို့
ဖြေကြားချက် 6 ခု
အီးအမ်နှင့်ထရိုင်ကိုဒါးမား တွဲဖက်မြေဆွေးလုပ်နည်းလေး သိချင်ပါတယ်။
ဖြေကြားချက် 2 ခု
ထရိုင်ကိုဒါးမား လုပ်နာည်းတင်ပေးပါဗျ ပြုလုပ်ချင်လို့ပါ
ဖြေကြားချက် 1 ခု