အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

193,301 လွန်ခဲ့သော ၂ နှစ် က

ရောဂါလက္ခဏာတေွကတော့ - - နာတာရှည် ကူးစက်ခံရသောဝက်တွေမှာ ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား(နားရွက်၊ အမြီး၊ဝမ်းဗိုက်)နီရဲခြင်း၊ - နာတာရှည်ကူးစက်ခံရသောဝက်တွေမှာ ကိုယ်အပူချိန် မမှန်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း။ - ရောဂါကူးစက်ခံရတဲ့ ဝက်တွေမှာ အရေပြားနီရဲခြင်း၊ ပန်းခရမ်းပြာအရောင်များပြောင်းပြီး ရုတ်တရက် သေဆုံးခြင်းတို့ ဖြစ်ပွားတတ်ပါတယ်..။ - ရောဂါကို ကြိုတင်ကာကွယ်နိုင်သောဆေးနှင့် ထိထိရောက် ရောက်ကုသနိုင်တဲ့ဆေးများ မရှိသေးပါဘူး..။ အဲ့ဒါကြောင့် ကူးစက်ရောဂါအနေနဲ့ ကာကွယ်ထိန်းချုပ်ဖို့ လိုပါတယ်..။ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းကတော့ - - ရောဂါဖြစ်ပွားနေသောဝက်နဲ့ အတူနေဝက်များကို သီးသန့် ခွဲခြားထားပါ။ ရောင်းချခြင်း၊ အခြားနေရာ သို့ သယ်ဆောင်ခြင်း မပြုရပါဘူး..။ - ရောဂါဖြင့်သေဆုံးတဲ့ ဝက်နဲ့ ဝက်ရဲ့အညစ်အကြေးများ၊ စားကြွင်းစားကျန်များနဲ့ အသုံးအဆောင် ပစ္စည်းများကို မြေမြှုပ်မီးရှို့ဖျက်ဆီးပါ။ ရေမျှောခြင်း၊ မြစ်/ချောင်း နဲ့ ရေတွင်း၊ရေကန်အနီး မြေမြှုပ်ခြင်း မပြုရပါဘူး။ - ပြန်လည်အသုံးပြုလို့ရတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုးသတ်သန့်စင်ပြီးမှ ထပ်မံအသုံးပြုရပါမယ်..။ - မြေမြှုပ်သောနေရာ၊ မီးရှို့သောနေရာနဲ့ ဝက်ခြံကို မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေးဖျန်းပေးပါ။ - မွေးမြူရေးခြံများရဲ့ ဇီဝလုံခြုံမှုကို မြှင့်တင်ပါ..။ - တိရစ္ဆာန်၊ လူ၊ ယာဉ် စတာတွေ ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ပါ။ - ဝက်ခြံလုပ်သားများအနေနဲ့ နှာခေါင်းစည်း၊လက်အိတ် စတာတွေ အသုံးပြုပါ။ လက်ကိုသေချာစွာ ဆေးကြောသန့် စင်ပါ။တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ပါ။ - ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ အကူအညီကို ရယူပါ။ ဒီရောဂါပိုးဟာ အေးခဲအသားမှာ ၁၅ ပတ်၊ ဝက်ပေါင်ခြောက် မှာ ရက်ပေါင်း ၇၀၀၊ အေးခဲထားတဲ့ အသေကောင် တွေမှာ ၁၅ နှစ်လောက်ထိ နေထိုင်နိုင်ကြပါတယ်..။ ဒါပေမဲ့ ဒီအာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို လုံးဝကူးစက်ခြင်း မရှိဘဲ တိရစ္ဆာန်အချင်းချင်းသာ ကူးစက်တတ်တာကြောင့် ဝက်ခြံတွေနဲ့ သားငါးစျေးများမှာ စနစ်တကျပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ဆောင်ရွက်ခြင်းနဲ့ ကာကွယ်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်..။ ရေးသားသူ - ဦးဇော်(dof)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။