ပဲထောပတ်ဖြူ စိုက်ထားပါတယ်။ ပိုးရောဂါနဲ့ ကြိုတင်ကာကွယ်ကုသနည်းများ ဖြေကြားပေးစေလိုပါတယ်။
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ထောပတ်ပဲပင်များတွင် ပင်စည်မှည့်ပေါက်စွန်းရောဂါများသည် ဆိုးရွားစွာ ကျရောက်တတ်သည်။ ထိုသို့ ကျရောက်ပါက ၎င်းစိုက်ခင်းတွင် ထောပတ်ပဲအား (၂)နှစ်ခန့် မစိုက်ဘဲ ထားရမည်။ ပျပိုးကောင်များကြောင့် အဝါရောင်မိုစေ့ ရောဂါများလည်း ကျရောက်တတ်သည်။ ခံနိုင်ရည်ရှိသော မျိုးများကို သာရွေးချယ် စိုက်ပျိုးခြင်း၊ သီးလှည့် စိုက်ပျိုးခြင်း တို့ကို ဆောင်ရွက်သင့်ပါသည်။ စိုက်ခင်းအား ပျ၊ လှေးကျိုင်းများ၊ ထွာကောင်များ၊ ရွက်စားပိုးများ၊ သီးတောင့်ထိုးပိုးများ ကျရောက်တတ်သောကြောင့် အမှိုက်သရိုက်များ ကင်းရှင်းအောင် ဆောင်ရွက်ထားသင့်သည်။ အချို့ပိုးကောင်များအား ပြင်းအားကောင်းသောရေဖြင့် ထိုးချကာ နှိမ်နင်းနိုင်သည်။ တမာ ပိုးသတ်ဆေးနှင့် ဘော်ဒိုဆေးရည်များ အသုံးပြုကာ ကာကွယ်နိုင်သည်။ သီးတောင့်တွင် အောက်ပါ အကြောင်းများကြောင့် အစေ့မတင်ခြင်းများ ဖြစ်ပေါ်သည်။ ပိုးမွှားရောဂါများ (စိုက်ခင်းအား သန့်ရှင်းစွာ ထားရမည်။ ရောဂါ ရရှိသော အပင်များအား နုတ်ပြီး သေချာ စွန့်ပစ်ရမည်။) နိုက်ထရိုဂျင် အာဟာရ ဓာတ်လွန်ကဲခြင်း (ယူရီးယား ဓာတ်မြေသြဇာများ ထည့်သွင်းခြင်းအား ရှောင်ရှားပါ၊ မြေဆွေးများအား ဘောင်တင်၊ မြေတောင် မြှောက်သည့် ထည့်ပေးနိုင်ပါသည်။) နေ့ အပူချိန်နှင့် ည အပူချိန်များ လွန်ကဲစွာမြင့်တက်ခြင်း (စိုက်ခင်းအားကောက်ရိုး စသည်တို့နှင့် ဖုံးအုပ်ပေးရန် လိုအပ်ပါသည်။ ရေလွန်ကဲစွာ သွင်းခြင်း (ရေဆင်းကောင်းရန်နှင့် လိုအပ်မှရေသွင်းခြင်းတို့ ပြုလုပ်ပါ။)
ဆက်စပ်မေးခွန်းများ
ပဲထောပတ်က ဘယ်အချိန်စိုက်ပျိုးသင့်လဲ သိချင်လို့ပါ။
ဖြေကြားချက် 2 ခု
ပဲထောပတ်မျိုး မန္တလေးဘယ်နားဝယ်လို့ရပါသလဲဗျ... သိရင်လမ်းညွှန်ပေးကြပါဗျ...
ဖြေကြားချက် 2 ခု
ထောပတ်ပဲseptemberလ25ရက်နေ့လောက်စိုက်ချင်လို့မြေနူအမျိုးအစားပါကျောက်မှုန့်ထည့်ရမလားပိုတက်ထည့်ရမလားဗျမြေခံကိုmar...
ဖြေကြားချက် 1 ခု
အပူပိုင်းစိုက်ချင်လို့ရနိူင်မလား ထောပတ်ကို ဘယ်လိုအမျိုးအစားစိုက်သင့်ပါသလဲဗျ
ဖြေကြားချက် 3 ခု
မြေထောက်ပဲ ခါးရိ/ ပင်ရင်းပုပ်ဖြစ်နေလို့ မှိုသတ်ဆေးတွေဖြန်းလဲအပင်ကသေနေတုန်းမို့ဘာလုပ်ရမလဲလမ်းညွှန်ပေးပါအုံးဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။