အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
280
လွန်ခဲ့သော ၂ နှစ် က · မြောက်ဦး

ဒေသကုန်ကြမ်းကတော့ဖွဲ​ြကမ်းဖွဲနု ဆန်ကွဲ ပုစွန်ကဏန်းရပါတယ် ဆန်ကွဲကချက်ပြီးမှကျွေးရတာလားခင်ဗျာ အစိမ်းကျွေးလို့ကော...

ဒေသကုန်ကြမ်းကတော့ဖွဲ​ြကမ်းဖွဲနု ဆန်ကွဲ ပုစွန်ကဏန်းရပါတယ် ဆန်ကွဲကချက်ပြီးမှကျွေးရတာလားခင်ဗျာ အစိမ်းကျွေးလို့ကောမရဘူးလား ဝက်စာအတွက်ဘယ်လိုအချိုးနဲ့စပ်ရပါမလည်းဖြေပေးကြပါ ပြီးတော့စိုက်ပျိုးရေးသုံးငါးအမိုင်နိုအက်စစ်ကိုဝက်စာမှာထည့်လို့ရနိုင်ပါသလား ဝက်အားဆေးအဖြစ် ဘယ်လောက်အချိုးနဲ့ထည့်ရပါမလည်း

အာဟာရဗေဒ ဝက် ဝက်အစာစပ်နည်း
2

ဖြေကြားချက် ၂ ခု

193,301 လွန်ခဲ့သော ၂ နှစ် က

ငါးအမိုင်နိုအက်ဆစ်တော့ မသိဘူး အီးအမ်တော့ ထည့်ကျွေးလို့ရပါတယ်ရှင့် အီးအမ်ဘိုကာရှီကို အစာထဲတွင်ထည့်ကျွေးခြင်းအားဖြင့်- တိရစ္ဆာန်အတွက် ဘိုကာရှီပြုလုပ်၍ အစာထဲတွင် (၁%)မှ (၅%)အထိ ရောကျွေးခြင်းအားဖြင့် အထက်ပါ အကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ ဘိုကာရှီပြုလုပ်ရာ တွင် ဖွဲနုနှင့် နှမ်းဖတ် (သို့)ပဲဖတ်ကို ဆတူရော၍ စူပါဘိုကာရှီ ပြုလုပ်ပုံအတိုင်း ဆောင်ရွက်ရပါမည်။ အမြန်သုံး စူပါဘိုကာရှီပြုလုပ်နည်း (၁) ဖွဲနု ၁ပြည်ကို ရေဖြင့်ခပ်ပျစ်ပျစ်ဖျော်ပါ(သို့) ဆန်ကွဲ ၁ပြည်ကို ရေဖြင့်ခပ်ပျစ်ပျစ်ကျို၍ အအေးခံပါ။ (၂) ပြီးလျှင် အီးအမ်အပြင်းဖျော်ရည် ငှက်ပျောဖူး ၁ပုလင်းစာကို ထပ်မံရောစပ်ပါ။ (၃) ရောစပ်ပြီး နာရီအနည်းငယ်(၂-၃)နာရီခန့် ကြာအောင် စောင့်ဆိုင်းပြီးမှ အသုံးပြုပါ။

193,301 လွန်ခဲ့သော ၂ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးခွံ(ဖွဲ)ကိုအမှုန့်ကြိတ်ပြီးဝက်တွေကိုကျွေးလို့ရပါသလား ဆန်လုံးတီး(ဆန်ညို)ကို ဆန်ဖြူကြိတ်တဲအခါမှာထွက်တဲ့အ...

ဖြေကြားချက် 1 ခု

ယူရီယားပုလဲဓာတ်မြေသြဇာကိုဝက်ကိုကျွေးလို့ရပါသလား ကျွေးတယ်လို့တော့ကြားဖူးပါတယ် အကျိုးအာနိသင်ကဘယ်လိုရှိပါသလည်းဘယ်...

ဖြေကြားချက် 2 ခု

ဝက်တွေအစာမစာလို့ ၄လ ၅လသားတွေ အချိန် ၂၅. ပိသာ. ၃၀.ပိသာလေးတွေပါ မွေးမြူရေးဝက်မျိုးတွေပါဗျ

ဖြေကြားချက် 1 ခု

ဗမာ ဝက် ခေါ် ဝက်အမဲတေကို မြန်မြန်ကြီးထွားပြီး ပိုက်ဆံမြန်မြန်ပေါ်တဲ နည်းလမ်းသိချင်ပါတယ် ဗျာ လမ်းပြပေးပါအုံး...

ဖြေကြားချက် 3 ခု

CP မျိုးဝက်မ ကို ဒေသထွက်များဖြင့် အစာစပ်ရန် ပါဝင်ရမည့်ပစ်စည်းအချိုးလေး သိချင်လို့ပါခင်ဗျ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။