အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၂ နှစ် က

စပါး အစေ့တိုက်ရိုက်ကြဲပတ်စနစ်/အတန်းချစနစ်VS ပျိုးပင်ကောက်စိုက်စနစ် ပင်ပွားကွာခြားချက် သိပါရစေ

စိုက်ပျိုး ရေ စပါး စပါးစိုက်ပျိုးနည်း

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,964 လွန်ခဲ့သော ၂ နှစ် က

မေးခွန်းပေါ်မှာ အခြေခံပြီး စပါးအပင်ပွားနိုင်ဖို့က အချက် ၂ ချက်ပေါ်မှာ မူတည်ပါတယ်။ ပထမတစ်ခု ပင်ပွားထွက်နိုင်ဖို့နေရာပါ။ ကြဲပက်စနစ်မှာ အစေ့များများသုံးရလို့ အပင်အရေအတွက်များပြီး ပင်ပွားထွက်ဖို့နေရာ မရှိတော့တာများပါတယ်။ တစ်ရုံတစ်ပင်တစ်နှံလိုဖြစ်တယ်။ အတန်းချစနစ်မှာ ပင်ပွားက ဘေးဘက်ကို ထွက်ဖို့နေရာရှိတဲ့အတွက် ကြဲပက်စိုက်တာထက် ပင်ပွားအရေအတွက်များပါတယ်။ ကောက်စိုက်စနစ်ကတော့ နေရာပိုရတဲ့အတွက် ပင်ပွားအရေအတွက် များပါတယ်။ ဒါပေမယ့် ဒုတိယအချက်ဖြစ်တဲ့ ပျိုးပင်သက်တမ်းပေါ်မူတည်ပါတယ်။ ပျိုးပင်သက်တမ်းက ကြီးသွားရင် ပင်ပွားထွက်နိုင်ဖို့ အချိန်နည်းသွားပါတယ်။ ပျိုးပင်ငယ်ငယ်မှာ ရွေ့စိုက်နိုင်ရင် ပင်ပွားများများထွက်ပါတယ်။ ကောက်စိုက်သမားရနိုင်တဲ့အပေါ်မူတည်ပြီး ဆုံးဖြတ်စေချင်ပါတယ်။​ ကောက်စိုက်သမားရှားရင်တော့ အတန်းချစနစ်ကိုတော့ သုံးစေချင်ပါတယ်။ ကြဲပက်တာထက် ပိုစနစ်ကျပြီး ထိန်းသိမ်းစောင့်ရှောက်ရတာ ပိုအဆင်ပြေပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။