အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,949
လွန်ခဲ့သော ၂ နှစ် က · ပြည်

နှမ်းဆစ်နီမတုတ်ကျရောက်ရင်ဘာဆေးတွေဖျန်းရင်ပျောက်နိုင်လဲဗျ

ပိုးမွှားရောဂါ နှမ်း နှမ်းဆစ်နီမတုတ်

ဖြေကြားချက် ၁ ခု

193,301 လွန်ခဲ့သော ၂ နှစ် က

ဆစ်နီမတုတ်တွေ ကွင်းထဲမှာ ဆိုးဆိုးဝါးဝါးကျရောက်နေရင်တော့ အမြစ်ပြတ်သုတ်သင်ဖို့ မဖြစ်နိုင်ပါဘူးဗျ။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ခြင်းကို ဦးစားပေးလုပ်သင့်ပါတယ်။ - ရောဂါကင်းစင်ပြီး ခံနိုင်ရည်ရှိတဲ့မျိုးကို ရွေးချယ်စိုက်ပျိုးပါ။ - နှံစားသီးနှံများဖြင့် သီးလှည့်စိုက်ပေးပါ။ - မစိုက်ခင်နွေရာသီမှာ စိုက်ခင်းကို ထယ်နက်နက်ထိုးပေးပါ။ - မျိုးစေ့များကို Fensulfothion ဆေးဖြင့် လူးနယ်ပြီးမှ စိုက်ပါ။ - လယ်ယာသုံး ပစ္စည်းကိရိယာတွေကနေတဆင့် နီမတုတ်တွေ ပြန့်နှံ့နိုင်တာမို့ သုံးပြီးရင်သေချာသန့်စင်ပေးပါ။ မှတ်ချက်။ ။ နီမတုတ်အမတွေသေသွားပြီး သံပုရာသီးပုံစံ အညိုရောင်အိတ်က ဥတွေကို ကာကွယ်ပေးထားလို့ ဓာတုဆေးဖျန်းပြီးနှိမ်နင်းလည်း ထိရောက်မှုမရှိလို့ ကြိုတင်ကာကွယ်ခြင်းသာ လုပ်ဆောင်ကြပါဗျ။ ရေးသားသူ - ထွန်းရာဇာ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။