ဖြေကြားချက် ၂ ခု
၁။ ငါးမြစ်ချင်း တစ်လက်မခွဲအရွယ်ကို "ဖွကန်" တွင်ထည့်မွေးပြီး အစာအဖြစ် ဖွဲနု နဲ့ ပုစွန်ဖွဲ နှစ်မျိုးကို ရောစပ်ကျွေးခြင်းဖြင့် ကြီးထွားနှုန်းကောင်းဘို့ အထောက်အကူဖြစ် စေပါသည်။ ၂။ ဖော်ပြပါအစာကုန်ကြမ်း(၂) မျိုး အား ဖွဲနုကို - ၇၀% ၊ ပုစွန်ဖွဲကို - ၃၀ % တို့ဖြင့်ရောစပ်ပါက အောက်ပါ အဟာရတန်ဘိုး (အနည်းဆုံး) ရှိ သည့်ရောစပ်စာ ရရှိမည်ဖြစ်သည်။ - Protein (အသားဓါတ်) = 18 % - Fat (အဆီဓါတ်) = 15 % - Fiber (အမျှင်ဓါတ်) = 5 % - Calcium (ကယ်လဆီယမ်)=2.1 % -Potassium(ပိုတက်ဆီယမ်)=1.2% -Phosphorus(ဖော့စဖရပ်စ်)= 1.6% ၃။ အဆီဓါတ်ပါဝင်မှုအနည်းငယ်များ (အဆီမထုတ်ထားသည့်ဖွဲနုသုံးပါက) သည်မှအပ အဟာရတန်ဘိုး ပါဝင်မှု(%) အသင့်အတင့်ကောင်း မွန်သလို ဓါတ်သတ်ထု (Ca - K - P) ပါဝင်မှုများသဖြင့်ကြီးထွားနှုန်းကို အကျိုးရှိစေမည်ဖြစ်သည်။ ၄။ သတိပြုရမည်မှာ - ထည့်သွင်းရမည့်ငါးအရေအတွက်၊ အစာကုန် ကြမ်းအရည်အသွေး၊ အစာကျွေးနှုန်း စသည်တို့ကို ဂရုတစိုက်ဆောင်ရွက်ရမည်ဖြစ်သလို ကန်ရေ အရည်အသွေးထိန်းသိမ်းပြုပြင်ရန် လည်း အရေးကြီးပါသည်။
ဆက်စပ်မေးခွန်းများ
ကျွန်တော်ခုမှဥစားကြက်နဲ့အသားတိုးကြက်စမွေးမှာမို့ကြက်ခြံအကျယ်ကအနံရှစ်တောင်အလျားဆယ်ေတာင်ရှိပါတယ်ဥစားကြက်ကပို...
ဖြေကြားချက် 3 ခု
နွားလေးတွေမိတ်လိုပုံစံအနီးရောင်အစက်တွေထွက်ပြီး အမွှေးတွေကျွတ်နေလို့ဘာဖျစ်တာလဲမလို့ပါ သိတဲ့ဆရာများဖြေကြားပေးပါ
ဖြေကြားချက် 2 ခု
ဆရာရေးဇီးတင်ထားတဲ့နွားမကဇီးအောင်မအောင်ဘယ်လို့ကြည့်ရတာလဲဗျာ
ဖြေကြားချက် 1 ခု
ငါးမြစ်ချင်း တစ်လမခွဲဆိုက် အကောင်၆သောင်းဝယ်ချင်ပါတယ် စျေးသက်သာပီးရောဂါကင်းတဲ့ငါးပေါက်များရောင်းမည့် ဧရာဝတီ...
ဖြေကြားချက် 3 ခု
ဆိတ်မွေးမြူရေးလုပ်ရာတွင် ပြုးလုပ်ထားရမည်းအချက်အလက်များကိုပြေားပြပေးပါသိတဲ့စရားများ
ဖြေကြားချက် 1 ခု