အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung myint oo
Aung myint oo 174
လွန်ခဲ့သော ၂ နှစ် က · မင်္ဂလာတောင်ညွန့်

အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်က အပင်စိုက်ဖူးသူ မဟုတ်ပါဘူး။တိုက်ခန်းဝရန်တာမှာ ပန်းအိုးနဲ့ သီးပင်စားပင်လေးတွေ စိုက်ပျိုးချင်လို့ပါ။ ပန်းအိုးထဲမှာ မြေဆွေးထည့်ပြီး စိုက်ပျိုးပါတယ်။အခြား ဘာတွေထည့်ရသေးလဲ။အပင်သန်အောင်။ဓာတ်မြေဩဇာတို့ ပိုးသတ်ဆေးတို့ ဘယ်အချိန် ဘယ်လိုထည့်ရလဲ။အပင်ကို ဘယ်လို ပြုစုရလဲခင်ဗျ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

စိုက်ပျိုးနည်း ကန်စွန်းရွက် ကန်စွန်းမြေသြဇာကျွေးနည်း
3

ဖြေကြားချက် ၃ ခု

ဇော်ဖြိုးအောင်
ဇော်ဖြိုးအောင် 12,542 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ကောင်းတာကတော့ မြေဆွေးနဲ့ပဲ သဘာဝအတိုင်းပဲစိုက်ပါ။ မြေဩဇာကျွေးချင်ရင်တော့ နည်းနည်းပဲလိုအပ်သလောက်သာသုံးပါ။ ဆေးတွေက မလိုအပ်ဘဲ မဖျန်းပါနဲ့။ မြေဆွေးနဲ့သဘာဝအတိုင်းပဲ စိုက်ပျိုးပါ။ အိမ်စားဖို့အတွက်လဲ ပိုကောင်းပါတယ်ခင်ဗျာ။

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,488 လွန်ခဲ့သော ၂ နှစ် က

သဘာဝမြေဆွေးတို့နွားချေးဆွေးတို့များများသုံးပြီးငဇွန်းကသက်တန်းတိုအမြစ်အပေါ်ရံသာရှိသဖြင့်နိမ့်ပြီးအဝကျယ်သောအိုးတို့ဇလားလိုဟာမျိုးတို့ကိုသုံးပါနေရောင်ကောင်းကောင်းရသောနေရာဖြစ်ရပါမယ်

Aung myint oo
Aung myint oo 174 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါ ဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။