အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · ပေါက်

ဓာတ်မြေဩဇာအသုံးပြုနည်းသိရှိလိုပါသည်ခင်ဗျ။‌ေမြအမျိုးအစား အလယ်အလတ် ။နွားချေးကြွေးပါသည်။ကုန်းမြေအမျိုးအစားပါခင်...

ဓာတ်မြေဩဇာအသုံးပြုနည်းသိရှိလိုပါသည်ခင်ဗျ။‌ေမြအမျိုးအစား အလယ်အလတ် ။နွားချေးကြွေးပါသည်။ကုန်းမြေအမျိုးအစားပါခင်ဗျာ။ကျွန်တော်တို့အသုံးပြုလေ့ရှိတာက ကြက်သွန်နီမှာဆိုရင် (၂)ကြိမ် ကြွေးလေ့ရိပါတယ်။ပထမအကြိမ် မြေခံမှာထည့်ကြွေးပါတယ်။ပထမ မြေခံအဖြစ် (၁၀ တောင်ပတ်လည် )တစ်ကျင်းကို ၁၅-၁၅-၁၅ ပတ်လည် စသည်ကို( ၂)ဗူး ထည့်ပါတယ်။ဒုတိယကြက်သွန်နီ (၄၅)ရက်သားလောက်မှာ ၁၅-၁၅-၁၅ ပတ်လည်ကို (၁)ဗူးကြွေးပါတယ်။ ကြက်သွန်နီ အတွက် စုစုပေါင်း Compound (or) Complex ဓာတ်မြေဩဇာ ဟာဆိုရင် (၁၀ တောင်ပတ်လည်)တစ်ကျင်းစာအတွက် (၃)ဗူးခန့်လောက် ထည့်ကြွေးလေ့ရှိပါတယ်။ပုလဲကတော့ စုစုပေါင်း တစ်ကျင်းစာကို(၃)ဗူးမှ(၄)ဗူးခန့်လောက်ကြွေးလေ့ရှိပါတယ်။အပင်အခြေအနေအရ သူ့ကိုတော့ကြွေးတာပါ။ပြီးခဲ့တဲ့နစ်ကတော့သိပ်အဆင်မပြေပါခင်ဗျာ။ရွက်ဖြန်းအားဆေး၊မှိုသတ်ဆေး၊ပိုးဆေးများလည်းသုံးပါတယ်။၁၅-၁၅-၁၅ Compound (or)Complex မှာ နိုက်ထရိုဖော့စကာ သုံးပါတယ်။ပုလဲက မြင်းပျံသုံးပါတယ်။ကြက်သွန်အပင်ကောင်းပါတယ်။အလက်ကောင်းပါတယ်။ဥ က သိပ်မဖြစ်ထွန်းပါ။ ဓာတ်မြေဩဇာသုံးနည်း မျှဝေပါခင်ဗျာ။တောင်သူ လုပ်စမို့ပါခင်ဗျာ။ဆရာကြီးများ ကျေးဇူးပြု၍ ကူညီကြပါခင်ဗျာ။ (PS ကျွန်တော်တွေးမိတာ ၁။၁၅-၁၅-၁၅ ကိုမြေခံ အနည်းငယ်လျှော့ အပင်သက်တမ်းတစ်လျှေက် နည်းနည်းချင်းဆီကြွေးရမလား? ၂။ပုလဲနဲ့အားဆေးများလို့ ကြက်သွန်ပင် လည်ပင်ရှည် ဥအဆင်းနဲတာလာ? စသည်..)

အပင်အာဟာရ ကြက်သွန်နီ စိုက်ပျိုးဗဟုသုတ

ဖြေကြားချက် ၁ ခု

အမည်မသိ
အမည်မသိ လွန်ခဲ့သော ၁ နှစ် က

ဆရာတွေမြင်အောင် နိုတီပို့ပေးမယ်နော်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပဲဇီးကွက်ပဲကအခုချိန်စိုက်ပျိုးလို့အချိန်မီပါလားဗျအသီးသီးပါတေလားဆရာများဖြေးကြားပေပါဗျ

ဖြေကြားချက် 1 ခု

နဂါးမောက်ပင်ကို အစာအဖြစ် ပုလဲမြေသြဇာကျွေးလို့ရပါသလား

ဖြေကြားချက် 1 ခု

ကြက်သွန်စိုက်မဲ့ အကွပ်ပါဆရာတို့ရေ ကောက်ရိုးအမြှင်လေးတွေရှိရင် ကြက်သွန်ဖြစ်ထွန်း ပါ့မှလားဗျ အကြုံပြုပေးပါအုံး

ဖြေကြားချက် 2 ခု

ပင်မှည့်စိုက်တာ အခွံထူသီးနဲ့ အခွံပါးသီး ၂ မျိုး ရောစိုက်မိပါတယ်၊ ဝတ်မှုံကူးပြီး အခွံထူသီးမျိုးတွေဖြစ်ကုန်ပါတယ်...

ဖြေကြားချက် 1 ခု

ပင်မှည့်စိုက်တာ ခရမ်းရောင်သီးပင်နဲ့ အဝါရောင်သီးပင်ရောစိုက်မိတော့ ဝတ်မှုံကူးသွားလို့လားမပြောတတ်ဘူး သီးလာတဲ့အ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။