အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုစံမြင့်ဇော်
လွန်ခဲ့သော ၇ နှစ် က · ရွှေဘို

နွားစာမှာ ဘယ်လို အစာမျိုးက စွမ်းအင်ဓာတ်ဖြစ်ပြီး ဘယ်လိုအစာက အသားဓာတ်ကိုဖြစ်တယ်ဆိုတာလေးရှင်းပြပေးပါလား ဆရာတို့ ဒေသနွားမွေးထားတာပါ နွားကို ကောက်ရိုးစဉ်းနဲ့ ပဲနှစ်ကျွေးတာ ဗိုက်ဘဲပူလာတာ ဘယ်လိုကြောင့်ပါလဲဗျ

အာဟာရဗေဒ နွား
5

ဖြေကြားချက် ၅ ခု

MDEP
MDEP အတည်ပြုပြီး 29,124 လွန်ခဲ့သော ၇ နှစ် က

ကောက်ရိုးကို ချဉ်ဖက်လုပ်လို့မရပါဘူး

ကိုစံမြင့်ဇော်
ကိုစံမြင့်ဇော် 1,044 လွန်ခဲ့သော ၇ နှစ် က

ကောက်ရိုးကိုချဉ်ဖက်လုပ်နည်းလေးပြောပေးပါလားဗျ

MDEP
MDEP အတည်ပြုပြီး 29,124 လွန်ခဲ့သော ၇ နှစ် က
MDEP
MDEP အတည်ပြုပြီး 29,124 လွန်ခဲ့သော ၇ နှစ် က

ဒါတွေက စီမံကိန်းကနေ စစ်ဆေးလေ့လာထားတဲ့ အစာတွေရဲ့အာဟာရတန်ဖိုးတွေပါ။ အစာရဲ့အရည်အသွေးကောင်းမကောင်းရယ်။ မြက် ပြောင်းတို့ဆိုလည်း စိုက်ပျိုးမှုစနစ် ရိတ်ကျွေးတဲ့အရွယ် ရင့်မှုနုမှု သင့်တင့်ချိန်။ ရေနဲ့မြေသြဇာကျွေးနိုင်မှု စတာတွေ ကောင်းမကောင်းပေါ်မူတည်ပြီး အာဟာရကွာခြားနိုင်ပါတယ်။

MDEP
MDEP အတည်ပြုပြီး 29,124 လွန်ခဲ့သော ၇ နှစ် က

အစာတိုင်းမှာတော့ စွမ်းအင်ဓာတ်ရော အသားဓာတ်ရော ပါပါတယ်။ အဓိကက ပါဝင်မှုနည်းတာများတာ ကွာသွားတာပါ။ ကောက်ရိုးက အာဟာရပါဝင်မှုနည်းပါတယ်။ နွားတွေက လိုအပ်တဲ့အာဟာရမပြည့်တဲ့အတွက် စားတုန်းဗိုက်ဖောင်းရုံသာဖြစ်ပြီး ကြာတော့ ဗိုက်ပူနံကားအဆင့်လောက်ပဲရှိပါတယ်။ အသားမဖြစ်တာပေါ့။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။