လယ်၁ဧကမှာ ငါးခူ၁၀၀၀အထိမွေးမြူလို့ရတယ်ဆိုတာကဘယ်လိုမျိုးလဲသိချင်ပါတယ်။ရောင်းတန်းဝင်တဲ့အထိအကောင်ရေ၁၀၀၀မွေးမြူထား...
လယ်၁ဧကမှာ ငါးခူ၁၀၀၀အထိမွေးမြူလို့ရတယ်ဆိုတာကဘယ်လိုမျိုးလဲသိချင်ပါတယ်။ရောင်းတန်းဝင်တဲ့အထိအကောင်ရေ၁၀၀၀မွေးမြူထားလို့ရတာလားသိချင်ပါတယ်
လယ်၁ဧကမှာ ငါးခူ၁၀၀၀အထိမွေးမြူလို့ရတယ်ဆိုတာကဘယ်လိုမျိုးလဲသိချင်ပါတယ်။ရောင်းတန်းဝင်တဲ့အထိအကောင်ရေ၁၀၀၀မွေးမြူထားလို့ရတာလားသိချင်ပါတယ်
Information ပေးပြီး အကြံပြုခြင်ပါတယ်၊ မြန်မာနိုင်ငံရဲ့ ဒေသတွင်း/ဇာတိမျိုးစိတ် (native species) ငါးခူကို Common name - Walking Catfish လို့ခေါ်ပြီး Scientific name - Clarias batrachus လို့ခေါ်ပါတယ်၊ မီးခိုးရောင်ဖျော့တယ်၊ အကြမ်းခံတယ်၊ သားဖောက်ရာမှာရော အသားတိုးမွေးရာမှာပါ ရှင်သန်နှုန်းနည်းပါတယ်၊ ထိုင်းငါးခူကတော့ အရောင်ရော အရသာပါမြန်မာငါးခူနဲ့ဆင်ပါတယ်၊ ဒါပေမဲ့ကိုယ်ထည်ဘေးနှစ်ဖက်မှာ အစင်းပျောက်တွေပါပြီး ခေါင်းအရွယ်အစားနဲ့ ပုံသဏ္ဍာန်အနည်းငယ် ကွဲပါသည်။ Common name - Broadhead catfish လို့ခေါ်ပြီး Scientific name - Clarias macrocephalus လို့ခေါ်ပါတယ်၊ သားဖောက်ရာမှာရှင်သန်နှုန်းကောင်းပေမဲ့၊ အကြမ်းမခံတာကြောင့် အသားတိုးမွေးမြူရေးမှာအတော်ဂရုစိုက်ရပါတယ်၊ အာဖရိကငါးခူ ကတော့အလွန်ကြီးထွားသန်မာပြီး အရမ်းလဲအကြမ်းခံပါတယ်၊ မီးခိုးရင့်ရောင်ရှိပြီး ဝမ်းဗိုက်ပိုင်းဖြူပါတယ်၊ Common name - African catfish လို့ခေါ်ပြီး Scientific name - Clarias gariepinus လို့ခေါ်ပါတယ်၊ သားဖောက်ရာမှာအလွန်ရှင်သန်နှုန်းကောင်းပြီး၊ အသားတိုးမွေးရာမှာလဲကြီးထွားနှုန်း၊ ရှင်သန်နှုန်းအလွန်ကောင်းပါတယ်၊ စားလို့တော့အရသာမကောင်းပါဘူး၊ ဒါပေမဲ့ အာဖရိကငါးခူမျိုးဟာအလွန် အန်တရယ်များတဲ့ Dangerous Species ဖြစ်ပါတယ်၊ဒီမျိုးစိတ်သဘာဝမှာပျံနှံ့သွားရင် ဒေသခံမျိုးစိတ်တွေမျိုးတုန်းသွားနိုင်ပါတယ်၊ ဒါကြောင့် ဒီငါးမျိုးစိတ်တစ်မျိုးထဲကိုဘဲ သားဖောက်ခြင်း၊ အသားတိုးမွေးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနကပိတ်ပင်တားမြစ်ထားပါတယ်၊ စီးပွားဖြစ်မွေးသင့်တာက မျိုးစပ်ငါးခူဖြစ်ပါတယ်၊ အဖေ အာဖရိကငါးခူ (male) နဲ့ အမေ ထိုင်းငါးခူ (female) တို့မျိုးစပ်ပေါက်ဖွားလာတဲ့ မျိုးစပ်ငါခူ (Hybrid catfish) ဟာ အရသာရှိပြီး အကြမ်းလဲခံလို့ရှင်သန်နှုန်းကောင်းသလို၊ အတော်အသင့်ကြီးထွားနှုန်းကောင်းပါတယ်၊ ပတ်ဝန်းကျင်ငါးများအပေါ်ထိခိုက်မှုမရှိပါ၊ မျိုးစပ်ငါးခူမွေးခြင်းဖြင့် အကျိုးရှိနိုင်ကြောင်းအကြံပြုပါရစေ။
ထိုင်းငါးခူဆိုမမွေးတာအကောင်းဆုံး အသေပျောက်များတယ်ရောဂါ ဝင်လွယ်တယ် လက်ရှိမွေးထားတာ အဆင်မပြေဘူး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
ဖြေကြားချက် 1 ခု
ငါးသားပေါက်အကြောင်း
ဖြေကြားချက် 1 ခု
ငါးရံ့မွေးမြူရေးအကြောင်းအသေးစိတ်သိချင်ပါတယ်ကုန်ကြစရိတ်ကဘယ်လောက်လဲအကြိုးအမြတ်ကဘယ်လောက်လဲဘယ်လိုပြုစုရလဲအသေးစိတ်...
ဖြေကြားချက် 1 ခု
ငရှဥ့် မွေးမြူရေးက်ို စိတ်ဝင်စားလို မြေကန် နဲ့ အုပ်ကန် ဘယ်ကန်နဲ့မွေးလိုအဆင်ပြေလည် လက်ရှိမွေးမြူတဲ့သူတွေရှိရင်...
ဖြေကြားချက် 3 ခု
ငါးကန် ၄_၅ ဧက ငှားပြီး အလုပ်လုပ်ကြည့်ချင်ပါတယ် ။ ဘယ်ငါးတွေ မွေးရင် အခုစျေးကွက်၀င်ပြီး အရှုံးနည်းပါသလဲ ခင်ဗျ ။...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။