အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

6,582 လွန်ခဲ့သော ၁ နှစ် က

*ကာကွယ်နည်းများ* ကန်ရေကိုသန့်စင်အောင်ပြုပြင် ခြင်း (water exchange, treatment)၊ - Aerators (သို့) Paddle Wheel များသုံး၍ aeration ပေးခြင်းဖြင့် Oxygen ပမာဏ တိုးစေခြင်း၊ - ပါးဟက်များကိုပုံမှန်ကြည့်ရှုစစ်ဆေးခြင်း (regular microscopic check of gills)၊ - ထည့်သွင်း​မွေးမြူနှုန်း မများအောင်​ထိန်းသိမ်းဆောင်ရွက်ခြင်း၊ - Probiotics ကိုအစာ​ဖြင့်ရောစပ် ၍၎င်း၊ ကန်ရေတွင်တိုက်ရိုက်ထည့်သွင်း၍၎င်းသုံးခြင်း၊ - ရောဂါပိုးကူးစက်မှုမ​ဖြစ်အောင် ထိန်းသိမ်းမှုနှင့် pond bottom cleaning ဆောင်ရွက်ခြင်း၊ စသည့်ကာကွယ်ခြင်းနည်းများဆောင်ရွက်နိုင်ပါသည်။

6,582 လွန်ခဲ့သော ၁ နှစ် က

ပုစွန်ကန် (shrimp farms) တွေမှာ Black Gill Disease (ပါးဟက်မဲရောဂါ / ခေါင်းမဲရောဂါ) ဖြစ်တာဟာ ပုစွန်တွေရဲ ပါးဟက်(gills) ပေါ်မှာ မဲခြောက်ခြောက်ဖြစ်လာတာကို ပြောတာပါ။ - ဒီလိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကို အောက်ပါအတိုင်း ဖော်ပြနိုင်ပါတယ် — # အကြောင်းအရင်းများ - ​ * ရောဂါပိုးမွှားများ - Parasites (ဥပမာ Hyalophysa chattoni, protozoan parasites တို့) - Fungi (ဥပမာ Fusarium spp.) - Bacteria (ဥပမာ Vibrio spp.) - အဆိုပါရောဂါပိုးပျံ့နှံ့မှုကြောင့် ပါးဟက်တွင် necrosis (cells တွေသေခြင်း) ဖြစ်စေပြီး အမဲရောင် ဖြစ်တတ်ပါတယ်။ * ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှု - - ရေထဲတွင် သံဓာတ်များ (heavy metals), အဆိပ်ဓာတ်များ, ammonia, nitrite, hydrogen sulfide concentration မြင့်လာခြင်း၊ - အောက်ဆီဂျင်ပမာဏနည်းခြင်း (hypoxia) သည်ပါးဟက် ကို ထိခိုက်စေပြီး tissue ကိုမဲလာစေသည်။ - ပုံမှန်ကန်ရေပြုပြင်မှုမရှိခြင်း၊ - Organic matter (သဘာဝအညစ်အကြေး) များလွန်းခြင်း၊ - Plankton bloom လွန်ကဲစွာပွားများခြင်း၊ - ရေမသန့်ခြင်းကြောင့်stress ဖြစ်ပြီး ရောဂါများကူးစက်လွယ်ခြင်း၊ - မွေးမြူနည်းလမ်းမမှန်ခြင်း / ထိန်းသိမ်းမှုမကောင်းခြင်း၊ - Stocking density များလွန်းခြင်း၊ - Feed quality မကောင်းခြင်း၊ - မကြာခဏပုံမှန်ရေလဲခြင်း မဆောင်ရွက်ခြင်း၊ စတဲ့အကြောင်းရင်းတွေဟာ ပုစွန်တွေကို Black Gill Disease ဖြစ်စေပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။