အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

3,180 လွန်ခဲ့သော ၁ နှစ် က

(၁) သားတင်ချိန် မှန်ကန်ဖို့ လိုပါသည်။ (၂) နွားမတွင် မွေးလမ်းကြောင်း ရောဂါ ရှိခဲ့ဖူး၍လည်း ဖြစ်နိုင်ပါသည်။ (ဥပမာ သားလျှောဖူးသလား။) (၃) မျိုးနွားသိုး/မျိုးချောင်း ပြစ်ချက်လည်း ဖြစ်နိုင်ပါသည်။ (၄) အာဟာရလိုအပ်ချက် ရှိနေပါကလည်း မျိုးအောင်နှုန်းကျဆင်းစေပါသည်။ (၅) ခွါနာလျှာနာ စသည်ဖြင့် ကူးစက်ရောဂါ ဖြစ်ပွားဖူးပါကလည်း မျိုးအောင်နှုန်းကို ထိခိုက်စေပါသည်။ အာဟာရပြည့်ဝစွာ ကျွေးမွေးကာ၊ သားစပ်ချိန်မှန်အောက် ချိန်ကိုက် သားစပ်ကြည့်သင့်ပါသည်။ နွားသိုး/မျိုးချောင်း ကြောင့်ဟု ယုဆရလျှင် နွားသိုး/မျိုးချောင်း ပြောင်းလဲ၍ စပ်ပေးသင့်ပါသည်။ ဗီတာမင် အေ၊ ဒီ၊ အီး နှင့် Selenium ဖြည့်ဆည်းပေးသင့်ပါသည်။ နီးစပ်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိုက်ပင်၍ ယင်းအားဆေး ထိုးနှံကြည့်သင့်ပါသည်။ ဆရာဝန် ခက်ခဲသော ဒေသများတွင် နွားများအတွက် ထုတ်လုပ်သည့် အားဖြည့်လျက်ဆားခဲ ဝယ်ယူ ကျွေးမွေးနိုင်ပါသည်။ မွေးလမ်းကြောင်း ပြဿနာ ဖြစ်ပါက ဆရာဝန်နှင့်တိုင်ပင်ကာ သားအိမ်ထဲသို့ ပဋိဇီဝဆေးထည့် ကုသမှု ဆောင်ရွက်ကြည့်နိုင်ပါသည်။

30,902 လွန်ခဲ့သော ၁ နှစ် က

နွားမများ သားစပ်ရာတွင် ဘာကြောင့်သားမအောင်ရသလဲ စာတန်းလေးကို နှိပ်ပီး လေ့လာလို့ ရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။