ဖြေကြားချက် ၃ ခု
ပဲတီစိမ်းမှာတော့ပင်ညိုးရောဂါကတော့တော်တော်ဂရုစိုက်ရမယ့်ရောဂါပါပဲ။အသီးအပွင့်ဝင်ချိန်အထိအပင်တွေတဖျောက်ဖျောက်နဲ့သေတတ်ပါတယ်။တောင်သူတွေကြောက်ရမယ့်ရောဂါပါပဲ။မြေဆောင်ရောဂါတမျိုးပါပဲ။မစိုက်ခင်မြေခံအနေနဲ့ဂျစ်ဆန်ကျောက်မှုန့်နဲ့ပိုတက်ဆီယမ်အဓိကပါတဲ့မြေသြဇာတွေထည့်သင့်ပါတယ်။နှစ်စဉ်တတ်တယ်ဆိုရင်တော့ကြိုပြီးတော့မက်တာလဇီ ဖို့တိုင်းအလူမီနမ်စတဲ့မှိုသတ်ဆေးတွေဖျန်းနိုင်ပါတယ်။ရွက်ခြောက်အတွက်ကတော့ကော့ပါးနဲ့တက်ထရာဆိုင်ကလင်းရောဖျန်းနိုင်ပါတယ်။သံချေးရောဂါအတွက်ကတော့ထရိုင်းဇိုးအုပ်စုထဲကဟက်ဇာကိုနာဇိုး တက်ဗီနိုကိုနာဇိုးစတဲ့မှိုသတ်ဆေးaiတွေကို၂၀လီတာဆေးဖျန်းပုံးတပုံးကိုဆေး၂ဇွန်းလောက်ထည့်ဖျန်းနိုင်ပါတယ်
ရွက်ခြောက်ရောဂါကို ကာစူကာမိုင်စင် သံချေး ပင်ညိုးရောဂါတို့ ထရိုငိဇိုး ဘန်ဇီမီဒါဇို အုပ်စုဝင်ဆေးတွေနဲ့ ကုသနိုင်ပါတယ်
စူပါလင်းသုးံပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာဆေးဖြန်းရမလဲးဆေးညွန်းလေးပြေားပေးပါဗျာ
ဖြေကြားချက် 2 ခု
ဘာဆေးသုံးရမလဲအလင်းပြဦး
ဖြေကြားချက် 2 ခု
ပဲရွက်တေမာဖြစ်တက်တဲ့ သံချေးနဲ့ ဖားဥမှိုအကြောင်းလေးရှင်ပြါ့လားဆရာတို့
ဖြေကြားချက် 4 ခု
ပဲတီစိမ်း အပွင့်မဝင်ခင် ဘယ်မိုဆေးအုပ်စု သုံးသင့်သလဲ ခင်ဗျ
ဖြေကြားချက် 2 ခု
လေးစားရပါသော စိုက်ပျိုးရေးပညာရှင်ကြီးများခင်ဗျာ🙏🙏🙏 ပုံပါ ပဲတီစိမ်းခင်းမှာ ဘယ်လိုရောဂါ ဘယ်လိုအနေအထား ကျရောက်နေ...
ဖြေကြားချက် 1 ခု