ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါ...
ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ
ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ
အထက်ပါအကြောင်းအရာများထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအကြောင်းအရာများသည် မွေးမြူထားသည့်ပုစွန်များကို ရုတ်တရက်သေဆုံးခြင်း/အချိန်ကြာမှသေဆုံးခြင်း တစ်ခုမဟုတ်တစ်ခုဖြစ်စေနိုင်ပါကြောင်းအသိပေးအပ်ပါသည်။
၆။ ရောဂါဖြစ်ပွားခြင်း - # အထက်ပါအကြောင်းအရာများကြောင့် ကန်ရေညစ်ညမ်းမှု၊ ရေအရည်အသွေးကျဆင်းမှုဖြစ်ကာ ပုစွန်များတိုက်ရိုက်သေဆုံးမှုဖြစ်နိုင်သလို၊ သေဆုံးမှုမရှိသော်လည်းပုစွန်များ၏ခုခံအားကျဆင်းနေမှုအခြေအနေတွင်ပတ်ဝန်းကျင်မှရောဂါများ(Diseases) အလွယ် တကူဝင်ရောက်နိုင်ပါသည်၊ # ဗိုင်းရပ်စ်/ဘက်တီးရီးယား (White Spot Syndrome Virus WSSV) သည်ပုစွန်များကိုရုတ်တ ရက် သေဆုံးမှုဖြစ်စေပြီး၊ ကန်အနှံ /တစ်ကန်ပြီးတစ်ကန်ကူးစက်လွယ်သဖြင့်အထူးစိုးရမ်စရာဖြစ်သည်၊ # Vibriosis (Vibrio spp:) ဘက်တီးရီးယားသည် ပုစွန်များကိုလှုပ်ရှားမှုနှေးကွေးစေခြင်း၊ အစာစားခြင်စိတ် မရှိစေခြင်းတို့ကြောင့်ကြာလာကသေဆုံးမှုဖြစ်စေနိုင်သည်။
၅။ ကန်ထဲရှိအပင်မျှောလှေး (Algae /Phytoplankton)များ ပွားများမှုအခြေအနေ - # အပင်မျှောလှေး ပွားများမှုအရမ်း များခြင်း/ကန်ရေစိမ်းလွန်းခြင်း (Algae bloom) ကနေ Algae များရုတ်တရက်သေသွားတဲ့အခါ DO ရုတ်တရက်ကျဆင်းဖြစ်သေည်၊ # Algae bloom သည်နေ့နင့်ည DO အတက်အကျကိုမြင့်မားသေည်၊ # Biofloc/Organic Load များခြင်းကြောင့်ကန်အောက်ခြေတွင်နုံးအနယ်မှုန်များ၊ ရေညှိအသေများ၊ အစာပိုများစုပုံလာပြီး အဆိပ် အတောက်ဖြစ်စေနိုင်သည့် NH3 တက်လာစေသည်။
၄။ ရေလဲလှယ်ခြင်း(Water Exchange)အားဆီလျော်အောင်ဆောင်ရွက်မှုမရှိခြင်း - # ရေမလဲခြင်း/အချို့သောရေလဲလှယ်မှုမမှန်ခြင်းကြောင့်ရောဂါများဖြစ်နိုင်သည်၊ # ရေလဲလှယ်ချိန်တွင် DO drop (ကျဆင်းခြင်း)/အလွန်အမင်းရေလဲခြင်း တို့သည်ပုစွန်မျာကို Shock (ထိခိုက်မှု)ဖြစ်စေနိုင်သည်။
၃။ အစာကျွေးခြင်းနှင့်ကျွေးသည့်အစာပမာဏ - # Overfeeding/Underfeeding: ပိုကျွေးခြင်းကရေညစ်ညမ်းမှု(NH3၊ NO2)တက်စေနိုင်ပြီး၊ နည်းလွန်းကပုစွန်များအားနည်းခြင်း ခံနိုင်ရည်မရှိခြင်းဖြစ်စေသည်၊ # အစာအဟာရတန်ဘိုးမပြည့်ဝခြင်း အရွယ်အစားမညီခြင်းကလည်းယင်းသို့ဖြစ်စေနိုင်သည်။
၂။ ကန်ရေအရည်အသွေးပြဿနာများ - # ပျော်ဝင်အောက်ဆီဂျင်နည်းခြင်း (DO < 2 ppm)၊ # pH တန်ဘိုး ၇.၅ - ၈.၅ အတွင်းမရှိခြင်း၊ # ရေညစ်ညမ်းမှုကိုဖြစ်စေသော အမိုးနီးယား(NH3)၊ နိုက်ထရိုက် (NO2)တန်ဘိုးများမြင့်တက်လာခြင်း၊ # Turbidity/Suspended Solids (ရေနောက်ကျိခြင်း၊ အနယ်မှုန်များလခြင်း) ကြောင့်အသက်ရှုခက်ခဲခြင်း။
မွေးမြူထားတဲ့ရေငံပုစွန်တွေဘာကြောင့်သေသလဲ?၊ သေစေနိုင်တဲ့အကြောင်းအရာတွေကတော့အများကြီးရှိပါတယ်၊ ဖြစ်နိုင်တာတွေအောက်မှာဖော်ပြပေးထါးပါတယ်။ ၁။ သယ်ယူခရီးအကွာအဝေးနှင့်သားပေါက်(PL)အရည်အသွေး - # သားပေါက်စခန်းနဲ့အသားတိုးကန်ခရီးကွာဝေးမှုနှင့်သားပေါက်များသယ်ယူလာမှုအခြေအနေ(အပူချိန်၊ပျော်ဝင်အောက်ဆီဂျင်)၊ # သားပေါက်တွေရဲ့အရည်အသွေး၊ # သယ်ယူလာမှုကြောင့် Stress ရလာတဲ့ သားပေါက်တွေကိုစိတ်ချရမဲ့အရွယ်ထိ ၁-၂လ ပြုစုကန်မထားဘဲ ၁၅ဧက ကန်ကျယ်အတွင်းတိုက်ရိုက်ထည့်သွင်းမွေးမြူခြင်း၊ # ထည့်သွင်းမွေးမြူနှုန်း(Stocking Density) သင့်တော်မှုမရှိခြင်း (များလွန်းခြင်း/နည်းလွန်းခြင်း) တို့သည် ချက်ခြင်းမသေဘဲအရွယ်ကြီးမှသေဆုံးမှုဖြစ်စေနိုင်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နဂျယ်သားလောင်းမွေးခြင်း
ဖြေကြားချက် 1 ခု
တာလပတ်ဖြင့် မိသားစုတစ်ပိုင်တစ်နိုင်ငါးပြေမ ငါးခူမွေးပုံမွေးနည်းအဆင့်ဆင့်ကို သိချင်လို့ပါဗျ
ဖြေကြားချက် 1 ခု
နွား ပုခုံးကျိမ်းနေတာ အမြန်ပျောက်အောင်ဘာလုပ်ရမလဲ😊ပြောပြပါအူးခမျ တရာတို့ အလုပ်ထဲသုံးနေတာမို့ပါခမျ
ဖြေကြားချက် 1 ခု
မကွေးတိုင်း တောင်တွင်းဘက်ကပါ ခိုင်းနွားကို စီးပွားဖြစ် မွေးမြူချင်လို့ပါ။ ဘယ်ကနေစရမလဲဗျာ့။ နွားခြံတည်ဆောက်ပုံ၊...
ဖြေကြားချက် 1 ခု
၀က်မွေးမြူရေးနဲ့ပတ်သတ်ပီးတွင်တွင်ကျယ်ကျယ်လေ့လာစရာအခြေခံတောင်လေ့လာဖို့မတွေ့မိပါဘူးဗျ အဲ့တာကြောင့်၀က်မွေးမြူရေးသ...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။