ဖြေကြားချက် ၁ ခု
စပါးပင်ကိုမထိခိုက်နိုင်ပါဘူးခင်ဗျ (Butachalor+Propanil)စပါးရွေးချယ် ပေါင်းသတ်ဆေး သုံးစွဲနည်း ပါဝင်ပစ္စည်းများကတော့ Butachalor+Propanil စပါး ရွေးချယ်ပေါင်းသတ်ဆေးအရောဖြစ်ပါတယ်။ မြက်၊မြက်မုံညင်းနှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နှင်းရာမှာထိရောက်မှုရှိပါတယ်။ စပါးစိုက်ခင်းအားရေပြောင်အောင်ထုတ်ပြီးမှဖျန်းပက်ပေးရပါမည်။ လုံလောက်သောအစိုဓာတ်မရှိချိန်(စိုက်ခင်းခြောက်သွေ့နေချိန်)ဖျန်းပက်ပါက ဆေးအာနိသင်ထိရောက်မှုနည်းပြီး ပေါင်းနှိမ်နှင်းနိုင်စွမ်းလျော့ကျနိုင်သည်။ မျိုးစေ့ချပြီးချိန်(သို့) ရွှေ့ပြောင်းစိုက်ပြီးချိန် (7-12)ရက်အတွင်းဖျန်းပေးနိုင်မှထိရောက်မှုရှိပါမယ်၊ပေါင်းပင်အရွက်(၁ရွက်မှ၃ရွက်)ထွက်ချိန်အတွင်းသုံးစွဲနိုင်မှနှိမ်နှင်းနိုင်ပါမယ်။ဆေးဖျန်းပြီး ၃ရက်အတွင်း ရေပါးပါးပြန်သွင်းပေးနိုင်ရင် အထိရောက်ဆုံးပါခင်ဗျာ။
ဆက်စပ်မေးခွန်းများ
တောင်ယာစပါးစိုက်ထားပါတယ် စပါးကြဲပြီးဘယ်ရက်လောက်သားမှာစပါးပေါင်းသတ်ဆေးထိုးသင့် လဲဘယ်ဆေးတွေကအသင့်တောါဆုံးလဲ။မ...
ဖြေကြားချက် 1 ခု
ပရီတီလာကလောကိုစပါးအခြေက်ကြဲခင်းမှာအုပ်ဆေးအဖြစ်သုံးလို့ရလားဆရာ
ဖြေကြားချက် 2 ခု
စပါး တမန်းကြဲခင်း လုပ်မလို့ တစ်ခါမှတော့ မထွန်ရသေးဘူး ကိုင်းသတ်ဆေးထိုးပြီး မြက်သေရင် ဒလိန်မောင်းပြီး ပက်ရင်အဆင်...
ဖြေကြားချက် 2 ခု
လယ်ထဲမှာ အဲ့မြက်တွေပေါက်တယ် ဆရာတို့ ပေါင်းသက်ဆေးနှစ်မျိုးမှာ ဘယ်ဟာကအကုန်သေနိုင်လဲဗျ ဆေးဖြန်းရင်မိုးမိမှာဆိုး...
ဖြေကြားချက် 1 ခု
pretilachlor 30%ecနဲ့fenclorim 10%ec ပါတဲ့ပေါင်းသတ်ဆေးကို စပါးခင်းမှာ သုံးချင်ပါတယ်။စပါးခင်းရဲ့ ဘယ်လိုအခြေအနေ...
ဖြေကြားချက် 2 ခု
ရေပန်းစားသော အကြောင်းအရာများ