အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
616
လွန်ခဲ့သော ၁ နှစ် က · မကွေး

မြေ သဲ​မြေပါ ၃လမြေပဲစိုက်ပျိုးရာတွင် အုပ်ဆေးပက်ပါတယ် အဲ့ပေါင်းနိုင်အောင် ဘယ်လို ဆောင်ရွက်ရလဲဗျ တခြားပေါင်းအုပ်...

မြေ သဲ​မြေပါ ၃လမြေပဲစိုက်ပျိုးရာတွင် အုပ်ဆေးပက်ပါတယ် အဲ့ပေါင်းနိုင်အောင် ဘယ်လို ဆောင်ရွက်ရလဲဗျ တခြားပေါင်းအုပ်ဆေးတွေ အဲ့လိုပေါင်းမပေါက်အောင်ကာကွယ်နိုင်လားဗျ ဆေးညွှန်းပေးပါအုံး ဒေသအခေါ်မြက် ကျွတ်နီလို့ခေါ်ပါတယ်

စိုက်ပျိုးစီးပွား မြေပဲ ပေါင်းအုပ်ဆေး
Post image
Post image

ဖြေကြားချက် ၁ ခု

348,307 လွန်ခဲ့သော ၁ နှစ် က

Oxyfluorfen, Oxadiazon, Pendimethalin တို့ကိုပေါင်းပင်မပေါက်မှီ ပေါင်းအုပ်ဆေးအဖြစ် ၂-၃ရက်အတွင်းဖျန်းပေးနိုင်ပါတယ်။ အဲ့လိုမှမဟုတ်ရင် ပေါင်းပင်ထွက်ပေါ်ပြီးမှဆိုရင် ပေါင်းပင်အရွက်၂-၃ရွက်ထွက်ချိန်မှာဖျန်းပေးနိုင်မှ ဆေးထိရောက်မှုကောင်းပါမယ်၊ ပေါင်းပင်အရွယ်ကြီးချိန်မှဖျန်းပက်ရင်တော့ ‌‌နှိမ်နှင်းရခက်ပါလိမ့်မယ်ဗျ။ ထွန်ယက်အချိန်ကတည်းက ပေါင်းမြက်ကင်းစင်အောင် လုပ်အားဖြင့်ဖယ်ရှားနိုင်ခဲ့လျှင် ပေါင်းပင် ပေါက်ရောက်မှု သက်သာပါလိမ့်မယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒီဆေးထုပ်မှာ သက်တမ်းကုန်ဆုံးရက် မတွေ့လို့ (ဝယ်ထားတာ မမှတ်မိတော့လို့ပါ) အသုံးပြုလို့ ရ/မရ သိချင်ပါတယ်ဗျ ဖြေပေး...

ဖြေကြားချက် 1 ခု

မြေပဲပင်တွေ ယာခင်းရဲ့အချို့နေရာတွေမှာ ဖြစ်နေပါတယ် ဘယ်လို ကုသလို့ရပ့သေးလဲ ဖြစ်တဲ့နေရာ‌မြေထဲမှာ ဖိုးလမင်းကောင်...

ဖြေကြားချက် 1 ခု

မြေပဲခင်းပါဗျ ဘာပိုးလို့ခေါ်ပါသလဲဆရာများခင်ဗျာ ဘယ်ဆေးအမျိုးအစားရွေးချယ်သုံးရမလဲဗျ

ဖြေကြားချက် 2 ခု

ပဲပင်အမြစ်ပုပ်နေလို့ရေလည်းမဝပ်ပါဘူးရှင့်ဘာများမှားသွားလို့လည်းရှင့်

ဖြေကြားချက် 2 ခု

မြေပဲစိုက်ခင်းက 2လနဲ့8ရက်သားရှိပြီအားဆေးဖြန်းလို့ရသေးလား ဘာဆေးတွေဖြန်းသင့်လဲသိချင်ပါတယ်

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။