အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,364
ရေးသားသူ
လွန်ခဲ့သော ၁ နှစ် က · အောင်လံ

ဝက်မကြီး ငလျင်လှုပ်တဲ့ အချိန်မှာ ဇီးနဲ့ကို သားလျှောသွားတာ နောက်ပိုင်း သားပြန်တင်တာ တောက်လျှောက်ပြန်ပြန်လျှောနေ...

ဝက်မကြီး ငလျင်လှုပ်တဲ့ အချိန်မှာ ဇီးနဲ့ကို သားလျှောသွားတာ နောက်ပိုင်း သားပြန်တင်တာ တောက်လျှောက်ပြန်ပြန်လျှောနေတာ ၂ကြိမ် ရှိပါပြီ ဘယ်လိုလုပ်သင့်လဲဗျ

မျိုးပွားခြင်း ဝက်ဇီးမတင်ခြင်း

ဖြေကြားချက် ၃ ခု

1,691 လွန်ခဲ့သော ၅ လ က

ဒီ မေးခွန်းတွေကို ဖြေပေးပါလား ပညာရှင်ဆီဆက်သွယ်မေးမြန်းပေးပါ့မယ် (၁) ဝက်မဟာ သားမပျက်ခင်မှာ ဖျားနာခဲ့ပါသလား (၂) ကိုယ်ဝန်ရပြီး ဘယ်နှစ်ရက်ကြာမှာ သားလျှောတာလဲ (၃) ဝက်ခြံ ပတ်ဝန်းကျင်မှာ စိုက်ပျိုးရေးပိုးသတ်ဆေးတွေ ဖျော်စပ်နေတာမျိုးရှိလား (၄) အာဟာရပြည့်ပြည့်ဝဝကျွေးမွေးထားရဲ့လား (၅) ကိုယ့်ဝက်တစ်ကောင်ပဲ သားခဏခဏလျှောနေတာလား (၆)ရှေ့တစ်ခေါက်သားလျှောပြီးတော့ ဆေးသေချာကုသပေးခဲ့ပါသလား ဒီမေးခွန်းလေးတွေနဲ့ စမ်းစစ်ပြီး ပြန်ဖြေခဲ့ပေးပါဉီးနော်

1,364 လွန်ခဲ့သော ၅ လ က

အဆင်မပြေသေးပါဘူး ဘယ်လ်ုလုပ်ကြည့်လို့ရအုံးမလဲ

193,301 လွန်ခဲ့သော ၁ နှစ် က

ပထမတစ်ခု ရှင်းပြချင်တာကတော့ ငလျင်ကြောင့် တိုက်ရိုက် သားလျောစေတယ် ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မွေးမြူရေးသမားအချို့က ငလျင်ကြောင့် ဝက်တွေမှာ သားလျောကြောင်း မကြာခဏ ပြောဆိုတာကို ကြားရပါတယ်။ ဖြစ်နိုင်ချေကတော့ ငလျင်ကြောင့် ဝက်တွေမှာ ဒဏ် (stress) ဖြစ်ပေါ်တာ၊ လဲကျလို့ ဒါမှမဟုတ် ခြံပျက်စီးလို့ ထိခိုက်မိတာတွေကြောင့် သားလျောတာ ဖြစ်နိုင်ပါတယ်။ ငလျင်လှုပ်တာဟာ မတ်လ ၂၈ ရက်နေ့ကတည်းကမို့ အခုဆိုရင် ၄ လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဒီကြားထဲမှာ သားဘယ်နှစ်ကြိမ်တောင်းပြီး၊ ဘယ်နှစ်ကြိမ် ပြန်တင်သလဲ၊ ပြန်အောင်သလဲ၊ ပြန်ပျက်ကျသလဲ ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် အကြိမ်ရေ သိပ်များလာရင်တော့ စီးပွားရေးအရ တွက်ချေကိုက်မှု နည်းတယ်ပဲ ပြောရမှာပါ။ အရင်လို ဝက်တွေ ပေါပေါများများ ဝယ်လို့ရတဲ့ အချိန်ဆိုရင်တော့ ရောင်းထုတ်ဖို့ပဲ အကြံပြုဖြစ်မယ် ထင်ပါတယ်။ အခုကတော့ ဝက်အရမ်းရှားချိန်မို့ အဲဒီလို ပြောဖို့ ခက်ပါတယ်။ဝက်မဟာ သားမပျက်ခင်မှာ ဖျားနာတာ ရှိသလား သေသေချာချာ သိသင့်ပါတယ်။ တကယ်လို့ ဖျားနာပြီးမှ သားလျောတာဆိုရင်တော့ အဲဒီ ဖျားနာမှုကြောင့်လို့ ဆိုရမှာပါ။ နောက်တစ်ကြိမ် သားအောင်ပြီးရင် ဝက်မမဖျားမနာအောင် ဂရုစိုက်ရပါမယ်။ ဒုတိယတစ်ခုကတော့ မျိုးပွားလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခုဝင်နေသလား ဆိုတာ သတိပြုရမှာပါ။ သားလျောတာ ခဏခဏ ကြုံရတယ်ဆိုတော့ ဘယ်ရက်မှာ ဖြစ်တာလဲ သိရရင် ကောင်းပါမယ်။ အခုကိစ္စမှာ ယေဘုယျအားဖြင့်တော့ ကိုယ်ဝန်ဆောင် သက်တမ်းနုချိန်မှာ သားလျောတာပါ။Porcine Parvovirus (PPV) ရောဂါဟာ ကိုယ်ဝန်ဆောင်သက်တမ်း ပထမတစ်လအတွင်းမှာ သားလျောစေတတ်ပါတယ်။ လပ်ပတိုစပိုင်ရိုးစစ် (Laptospirosis) ရောဂါကတော့ ကိုယ်ဝန်ဆောင်ကာလ ၁ ပတ်နဲ့ ၄ ပတ်ကြားမှာ သားလျောတတ်ပါတယ်။ အချိန်မရွေး သားလျောနိုင်တဲ့ အခြားသော ရောဂါတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် အချက်အလက် တိတိကျကျ သိရမှ ဘယ်ရောဂါလို့ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါက ကူးစက်ရောဂါတွေအတွက် စဉ်းစားစရာပါ။ ကူးစက်ရောဂါတွေအပြင် အခြားအခြေအနေတွေကြောင့်လည်း သားလျောနိုင်ပါတယ်။ ဥပမာ အပူချိန်လွန်ကဲတာ မျိုးပါ။ အပူလွန်ကဲတာကြောင့်တော့ ဒီကာလမှာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ အစာထဲမှာ မှိုဆိပ်ပါဝင်တဲ့အခါမှာလည်း မှိုဆိပ်သင့်ပြီး သားလျောနိုင်ပါတယ်။ အစာတွေကို သေသေချာချာ စစ်ဆေးသင့်ပါတယ်။ ပတ်ဝန်းကျင်မှာ စိုက်ပျိုးရေးပိုးသတ်ဆေးလိုမျိုး ပိုးသတ်ဆေးတွေ သုံးစွဲတာ၊ အာဟာရမပြည့်ဝတာတွေကလည်း သားလျောစေပါတယ်။ အခြားသော ပတ်ဝန်းကျင်အခြေအနေတွေလည်း ရှိပါသေးတယ်။ ဒီနေရာမှာ တစ်ကောင်တည်း ဖြစ်တာလား၊ ဝက်အများစု ဖြစ်တာလား ဆိုတာကိုလည်း ထည့်တွက်ရပါမယ်။အဲဒီ အချက်တွေ ရှိ/မရှိ ပြန်စစ်ဆေးပါ။ ရှိရင် ရှင်းလင်းပေးပါ။ မရှိဘူးဆိုရင်တော့ သားလျောပြီးနောက်မှာ ပဋိဇီဝပိုးသတ်ဆေးဝါးကို ထိုးနှံ/အစာထဲထည့်ကျွေးပြီး အရင်ကုသပြီးမှ သားပြန်တင်ကြည့်ပါ။ တင်ပြီးသွားရင်လည်း သေသေချာချာ ပြုစုစောင့်ကြည့်ဖို့ လိုပါတယ်။ဖြစ်နိုင်ရင်တော့ မကြာခဏသားလျောတဲ့ ဝက်မကို မျိုးအဖြစ် ဆက်မထားသင့်ပါဘူး။ လေးလ တောင်ရှိပြီ၊ ကိုယ်ဝန်ဆောင်ကာလ တစ်ခုစာ ဖြစ်နေပြီမို့ ဆုံးရှုံးမှုက အတော်ကြီးနေပါပြီ။ ထပ်ပြီး ဆုံးရှုံးရရင် ကိုက်/မကိုက် တွက်ချက်သင့်တယ်လို့ အကြံပြုလိုပါတယ်။ ဆရာဒေါက်တာ သက်ခိုင်မှ ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။