ဖြေကြားချက် ၂ ခု
ရောဂါပိုးအမည် ‒ ရွက်ဖုံးခြောက်ရောဂါ ရောဂါပိုးဖြစ်စေသည့်သက်ရှိ ‒ Rhizoctonia solani ကာကွယ်နှိမ်နှင်းနည်း ကောက်ပင်စိပ်လွန်းစွာ မစိုက်သင့်ပါ။ရောဂါ ကျရောက်ဖူးသော မြေတွင် နိုက်ထရိုဂျင်ဓါတ်ပါသော မြေသြဇာလွန်ကဲစွာ မကျွေးရ၊ လိုအပ်ပါက အကြိမ်ခွဲ၍ထည့်သွင်းပါ။ ပဲမျိုးရင်းဝင် သီးနှံဖြင့်သီးလှည့်စိုက်ခြင်းသည် ရောဂါဖြစ်စေနိုင်မှု နည်းစေပါသည်။ရောဂါကျ ပင်ကြွင်းပင်ကျန်ဖယ်ရှားကာ စုပုံမီးရှို့ပါ။(သို့)ထယ်နက်နက်ထိုး၍ မြေမြှုပ်ပစ်ပါ။မြေကိုအနည်းဆုံး တစ်လပေါင်းမြက်ရှင်းလင်းစေပြီး အစိုဓါတ်ရှိသော အခြေအနေတွင် မြေလှပ်ထားပါ။ရောဂါစတင်တွေ့လျှင်တွေ့ခြင်း အောက်ပါမှိုသတ်ဆေးများ ပက်ဖျန်းအသုံးပြုပါ။ (က) Azoxystrobin (အဇိုစီစတိုဘင်) (ခ) Hexaconazole ( ဟက်ဆာကိုနာဇိုး) (ဂ) Propiconazole (ပရိုပီကိုနာဇိုး) (ဃ) Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) (င) Validamycin (ဗလစ်ဒါမိုင်ဇင်) (စ) Chlorothalonil (ကလိုရိုသာလိုနေး)
စပါးရွက်ဖုံးခြောက်ရောဂါပါခင်ဗျ
ဆက်စပ်မေးခွန်းများ
စပါးကြဲသားခင်းပါဗျ တစ်လသားတော့ရှိပါပြီဗျ ဝက်လက်နယ်ကပါ စပါးခင်းတွေမှာ အဲလိုဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ ဘာရောဂါ...
ဖြေကြားချက် 1 ခု
မင်္ဂလာပါ ဆရာများခင်ဗျာ ကျွန်တော် တို့ ဘက် အခင်းတိုင်းလိုလို ပုံကလို ဖြစ်နေလို့ပါ ရောဂါ လား ပုံမှန်ဘဲလား ဗျ...
ဖြေကြားချက် 3 ခု
စပါးပင်မပွားပဲ ဝါနေလို့ပါ ဘယ်ဖြစ်တာလဲဗျ ဘာမြေသြေဇာသုံးရမလဲဗျ အကြံပြုပေးပါအုံး ခင်ဗျာ
ဖြေကြားချက် 2 ခု
အမိုနီယံဆာလဖိတ် နဲ ၁၅ ပတ်လည်ကို ရောပတ်တာ တစ်ပတ်လောက်ရှိပီ အပင်ကအရောင်မပြောပဲ အဖျားခြောက်ပီးဝါနေတယ် အထူးသဖြင့်...
ဖြေကြားချက် 1 ခု
စပါးပင်အောက်ခြေကအရွက်တွေ အဲ့လိုခြောက်နေလို့ဗျ ပုံမှန်ပဲလား ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု