အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
58
လွန်ခဲ့သော ၇ နှစ် က · ဟင်္သာတ

မတ်ပဲပင်တွေမှာ အပင်တော့ကောင်းပါတယ် ပန်းပွင့်တာနည်းပြီးအသီးလဲနည်းနည်းပဲတင်တယ် ဘာကြောင့်လည်း အားဆေး ပိုးသတ်ဆေး...

မတ်ပဲပင်တွေမှာ အပင်တော့ကောင်းပါတယ် ပန်းပွင့်တာနည်းပြီးအသီးလဲနည်းနည်းပဲတင်တယ် ဘာကြောင့်လည်း အားဆေး ပိုးသတ်ဆေးနှင့်မှိုဆေးဖျန်တယ်

7

ဖြေကြားချက် ၇ ခု

528 လွန်ခဲ့သော ၇ နှစ် က

ပုလဲ လက်ချားမှုန့်တိုကို ပိုးသတ်ဆေးနဲရောဖျန်လို့ရသလား

522 လွန်ခဲ့သော ၇ နှစ် က

မာဃမင်းကထုပ်တဲ့ အမ်ဂျီအမ်အသီးအပွင့်ဆေးနှင့်ဖိုင်တာနမ်ချပ်ကူ-စူပါလင်းတွဲဖျန်းပါ၇ရက်ခြားp၂ကြိမ်းဖျန်းပါအပွင့်များpအသီးတင်ပါတယ် စေတနာအပြည့်မျှဝေပါတယ်ဗျာ လက်တွေ့သုးံထားလို့တကယ်ကောင်းပါတယ်

1,743 လွန်ခဲ့သော ၇ နှစ် က

တောင်သူ့ပန်းတိုင်မှ ဖြန့်ချိနေသော စပိန်နိူင်ငံထုတ် Forcrop 4-16-28+Molybdenum +Boron ရွက်ဖျန်းမြေသြဇာအရည်ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် 50 cc နူန်းဖြင့် သုံးကြိမ်ဖျန်းပေးပါက ကောင်းမွန်သောထွက်နူန်း ရရှိနိူင်ပါမည်

116 လွန်ခဲ့သော ၇ နှစ် က

အဲဒီနည်းကိုကြိုက်တယ်သုံးကြည့်မယ်

20,386 လွန်ခဲ့သော ၇ နှစ် က

(၁) ပဲမျိုးစုံ သီးနှံများအတွက် အစေ့အဆန်ပြည့်ဝစေရန်နှင့် အပွင့်များမှ ရွက်ကြွေခြင်းများ ကာကွယ်ရန် ပန်းပွင့် ချိန်မှ နိုက်ထရိုဂျင်ဓာတ် (ပုလဲ) နှင့် ဘိုရွန် (လက်ချား) လိုအပ်ပါတယ်။ (၂) မြေတစ်ဧကအတွင်း အစေ့ (၁.၆) တင်း ထုတ်ပေးနိင်လျှင် တစ်ရက်လျှင် နိုက်ထရိုဂျင် ၁.၅ ပြည် ရှိရန် လိုအပ် သည်။ (၃) မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် များစွာ ရှိနေသော်လည်း မြေတစ်ဧကမှ ပဲပင်ဆီသို့ နိုက်ထရိုဂျင်ဓာတ် ဝ.၆ ပြည် အမြင့်ဆုံး ပံ့ပိုးပေးနိုင်သည်။ (၄) ဘိုရွန်ဓာတ်(လက်ချား) သည် ပဲမျိုးစုံ သီးနှံပင်များအတွက် အရေးကြီးသော အနည်းလိုအာဟာရ ဖြစ်သည် ။ မြေဆီလွှာ အတွင်း ပါဝင်မှု နည်းနေတတ်သည်။ (၅) လက်ချား(ဘိုရွန်) ဓာတ်သည် မြေချဉ်တွင် စီးဆင်းလျှင် အလွယ်ကူဆုံးရှုံးတတ်ပြီး မြေငန်တွင် မြေကြီး၌ တွယ်ကပ်နေ၍ အပင်မှ ကောင်းစွာ မရရှိနိုင်ပါ။ (၆) ထို့ကြောင့် ပန်းပွင့်ချိန်မှစ၍ ပဲမျိုးစုံသီးနှံပင်များကို ပုလဲ နှင့် လက်ချား ရောစပ်ပက်ဖျန်းပေးရန် လိုအပ် ပါ သည်။ ကုန်ကျစာရိတ်နည်းပြီး အာဟာရဓာတ်ပါဝင်မှုသေချာခြင်း၊ ပန်းပွင့်ကာလ ရှည်ခြင်း၊ သီးတောင့်များ၏ အစေ့အရည်အသွေးကောင်းခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည် ရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။ (၇) ပဲမျိုးစုံ သီးနှံများတွင် ပန်းပွင့်ချိန်မှ စ၍ သီးကင်းစတင်ဝင်ချိန်ထိ ပုလဲနှင့် လက်ချားကို ပန်းဖြိုင်ဖြိုင် ပွင့်ချိန် တွင် တစ်ကြိမ် ဖျန်ပက်ပေးခြင်းဖြင့် အထွက်နှုန်း ၂၀ မှ ၄၀ ရာခိုင်နှုန်းထိ တိုးလာနိုင်ပါသည်။ (၈) ဖျော်စပ်နည်းမှ ရေတစ်ဂါလံတွင် ပုလဲ ဟင်းစားဇွန်း ၄ ဇွန်း နှင့် လက်ချားမှုန့် ဟင်းစားဇွန်း(၁) ဇွန်းကို ပျော်အောင်ဖျော်ပါ။ (မှတ်ချက်-ပရဆေးဆိုင်မှ လက်ချားခဲများကို ဝယ်ယူရရှိနိုင်ပြီး အပူပေး၍ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန်တွင် အမှုန့်ပြုလုပ် အသုံးပြုပါ။ သို့မဟုတ် လက်ချားမှုန့်ကို ဝယ်ယူအသုံးပြုပါ။) (မှတ်ချက်-ပရဆေးဆိုင်မှ လက်ချားခဲများကို ဝယ်ယူရရှိနိုင်ပြီး အပူပေး၍ ပေါက်ပေါက်ကဲ့သို့ ဖြစ်လာချိန်တွင် အမှုန့်ပြုလုပ် အသုံးပြုပါ။ သို့မဟုတ် လက်ချားမှုန့်ကို ဝယ်ယူအသုံးပြုပါ။) (၉) တစ်ဧကတွင် တစ်ကြိမ်လျှင် ဖျော်စပ်ပြီးသား အာဟာရရည် ဂါလံ ၂၀ ကို နံနက်စောစော၊ ညနေစောင်းနှင့်၊ နေအေးသော အချိန်တွင်ပက်ဖျန်းပါ။ (၁၀) တစ်ဧက အတွက် လက်ချားမှုန့် ၂၀ ကျပ်သားနှင့် ပုလဲ တစ်ပြည်လိုအပ်ပါသည်။

10,117 လွန်ခဲ့သော ၇ နှစ် က

လက်ချားက ဘယ်လိုလုပ်ရတာလဲ။ ဖြေပေးပါလား။ ဘယ်မှာ ဝယ်လို့ရလဲ။

လွန်ခဲ့သော ၇ နှစ် က

လက်ချားသုံးကြည့်ပါလား

You

ဆက်စပ်မေးခွန်းများ

မတ်ပဲ ပဲတီစိမ်း ပဲပုပ်တွေကို ပန်းပွင့်ချိန်မှာယူရီးယားနဲ့လက်ချားဖြန်းရင်အထွက်နှုန်း ကောင်းတယ်လို့ဆိုကြတယ် တစ်...

ဖြေကြားချက် 4 ခု

မတ်ပဲအသီးစဝင်ချိန်မာဘာဆေးဖျန်းရပါလဲခင်ဗျာ

ဖြေကြားချက် 1 ခု

မင်္ဂလာပါ မတ်ပဲစိုက်ခင်းတွေမှာ ခုလက်ရှိ့ ကြုံတွေ့နေရတဲ့ အခြေအနေလေးကို ကူညီပေးပါဦး အသီးအပွင့်အားနည်းနေတယ် အဓိက...

ဖြေကြားချက် 5 ခု

မတ်ပဲကိုပန်းစပွင့်ချိန်မှာလက်ချားကိုမလှော်ဘဲဆိုင်ကဝယ်လာတဲ့အတိုင်းပုလဲနဲရောဖြန်းလို့ရပါသလားခင်ဗျာ

ဖြေကြားချက် 2 ခု

မတ်ပဲ2လသားမှာအဲဒိလိုမျိုးပွင့်နေပါပြီအပွင့်အားဆေးမဖျန်းဘဲနဲ့ရပါသလား။ပုလဲနဲ့လက်ချားနှစ်ခါဖျန်းပီးပါပြီ။

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။