ဖြေကြားချက် ၁ ခု
ပုလဲမြေဩဇာသီးသန့်အသုံးပြုခြင်းကိုရှောင်ကြဉ်ပါ၊ ရေ၂ရက်မှ၃ရက်ခန့်ထုတ်ပစ်ပြီးနောက် ရေပါးပါးပြန်သွင်းပြီး ဂျစ်ဆမ်တစ်အိတ်နှင့် ပိုတက်ရှ်မြေဩဇာကို ရောကျွေးပါ။ ရွက်ဖျန်းအားဆေးအဖြစ် Amino acid, Humic acid နှင့် အနည်းလိုအဟာရများပါသောရွက်ဖျန်းအားဆေးကို ဖျန်းပက်ခိုင်းပါဗျ၊ ရေနစ်မြုပ်ပြီးနောက် ဖျက်ပိုးများ၊ရောဂါများကျရောက်တတ်တာကြောင့် ပိုး၊ရောဂါကျရောက်မှုရှိမရှိစစ်ဆေးပါဗျ၊ ပိုး/ရောဂါလက္ခဏာလို့ထင်မြင်ယူဆမိပါက ပုံတင်၍မေးပေးပါဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရေမြုပ်တဲ့လယ်ကွင်းတေ ရေပြန်ကျပေမယ့် လယ်ကွင်းက အမှိုက်သရိုက်တေနဲ့ဆိုတော့ ပဲစိုက်ဖို့ မြေကိုဘယ်လိုပြင်ပြီး...
ဖြေကြားချက် 3 ခု
စပါးပင်အောက်ရွက်ဖျားတွေစဝါပြီးခြောက်သွားပါတယ် ပြီတော့အမြစ်တွေကလည်းပုံပါအတိုင်းဖြစ်နေပါတယ် ဘာဆက်လုပ်ရမလဲခင်ဗျ
ဖြေကြားချက် 2 ခု
စပါးစိုက်ပီး ၂၅ ရက်သားမာ ဆစ်ပိုးတွေ့နေလို့ပါဗျ တချို့အခင်းကျ မတွေ့သေးပါဘူး ဆစ်ပိုးတွေ့တဲ့အခင်းရော မတွေ့သေးတဲ့...
ဖြေကြားချက် 3 ခု
အကြံတခုလောက်တောင်းချင်လို့ပါခင်ဗျ အခုခေတ်စားနေတဲ့ ခြင်ဆေးဖျန်းတဲ့ပုံစံလေးတွေနဲ့ နှံစုပ်ပိုးကို နှိမ်နင်းလို့...
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျ စပါးခင်း ပိုးသတ်ဆေးတွေက ဖြန်းပီး ဘယ်နှစ်ရက်လောက်ထိ အပင်ထဲမှာ စိမ့်ဝင်ရှိနေပါသလဲ?ဗျ ဖြန်းပီး ဘယ်...
ဖြေကြားချက် 1 ခု