ဖြေကြားချက် ၂ ခု
ရေဝတ်နေရင်အပင်ဘေးနှစ်ဖက်တွင်ရေမှုပ်မြောင်းပြုလုပ်ပေးပြီးမြေစာများကိုအပင်ချေနဲ့ခွာပြီးမြေတောင်မြှေက်ပေးလိုက်ပါ
အပင်ခြေရေဝပ်လျှင် အမြစ်ဇုံမှာ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အစာစားအမြစ်များသေဆုံးရပြီး အရွက်အညွန့်များ ညှိုးခြင်း၊ဝါခြင်းဖြစ်ရသည်။ ရေမဝပ်အောင် ရေထုတ်မြောင်းများဖော်ပြီးချက်ချင်းရေထုတ်ပေးပါ။ အပင်ခြေပတ်လည်ရှိအပေါ်ယံမြေများကို ဖယ်ရှားပေးပါ။ သဲ၊ဂျစ်ဆမ်သို့မဟုတ် ဩဂဲနစ်မြေဆွေးများထည့်ပေးပါ။ အမြစ်ပုပ်ရောဂါကာကွယ်ရန်အမြစ်ဇုန်ကုသရန်အတွက် ထရိုင်ကိုဒါးမားထည့်ပေးပါ။သို့မဟုတ် အပင်ခြေ Metalaxy ၊ Foestyl -Al မှိုဆေးတစ်မျိုးမျိုးဖျန်းပေးပါ။ အမိုင်နိုအက်ဆစ်အားဆေး+ အနည်းလိုအဟာရအားဆေး (Zn, Fe, Mn, Mg, B) ဖျန်းပေးပါ။ သီးနှံပင်အရွက်မလန်းခင်အထိ နိုက်ထရိုဂျင်သီးသန့်ပါသော ရွက်ဖျန်းများ၊မြေဩဇာများအသုံးမပြုပါနဲ့၊ N:P:Kအချိုးညီပါသော ရွက်ဖျန်းအားဆေးများဖျန်းပေးနိုင်ပါတယ်။ ကေဟူးမစ်ပါသောမြေဩဇာကို ကျွေးပေးပါ။
ဆက်စပ်မေးခွန်းများ
မိုးများနေတာအပင်တွေမထိခိုက်အောင်မိုးပါးသွားရင်အရင်ဆုံးဘာလုပ်သင့်ပါသလဲ ရေနှုတ်မျောင်းတွေကိုတောကောင်းအောင်လုပ်...
ဖြေကြားချက် 1 ခု
ဆရာရေး ခရမ်းချဥ်တွေမိုးမတအားမိနေတယ်ဗျာ အခုထိမစဲဘူး စိတ်ညစ်လာပြီ
ဖြေကြားချက် 1 ခု
ဆရာရေ ပံ 111 မျိုးပါ ရာသီဥတုဒဏ်ခံနိုင်တယ်ဆိုလို့စိုက်တာ အသီးလိုက်နည်းနေလို့ပါဆရာ အားဆေးတေလဲဖျန်းနေတာပဲ မိုးက အ...
ဖြေကြားချက် 1 ခု
ပုံထဲကအတိုင်းနှံစားပြောင်းကျဲထားတာမိုးအရမ်းများတော့အပင်တွေကမထနိုင်ဘူးဖြစ်နေတာဘယ်လိုလုပ်ရမလဲသိချင်ပါတယ်
ဖြေကြားချက် 2 ခု
နှမ်း၆၀ရက်သားအပွင့်တော့တိတ်စပြုပြီမိုးများနေလို့အကြံဉာဏ်လေးပေးပါအုန်းအပင်နုထက်စာရင်ဒဏ်ခံနူိင်လားဗျ
ဖြေကြားချက် 1 ခု