အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
782
လွန်ခဲ့သော ၁၁ လ က · ပင်းတယ

ပန်းမုံလာ ခရမ်းချဉ်သိမ်းပြီးဂျုံကျဲမလို့ပါဆရာ မြေဩဇာထည့်ကျဲမလို့ဘယ်လိုအချိုးမြေဩဇာဆိုရင်အဆင်ပြေမလည်းခင်ဗျစိုက်...

ပန်းမုံလာ ခရမ်းချဉ်သိမ်းပြီးဂျုံကျဲမလို့ပါဆရာ မြေဩဇာထည့်ကျဲမလို့ဘယ်လိုအချိုးမြေဩဇာဆိုရင်အဆင်ပြေမလည်းခင်ဗျစိုက်ခင်အတွင်းနွားချေးတော့အလုံအလောက်ထည့်စိုက်ထားပါတယ်

စိုက်ပျိုးနည်း ဂျုံ ဂျုံ မြေသြဇာကျွေးနည်း

ဖြေကြားချက် ၅ ခု

782 လွန်ခဲ့သော ၁၁ လ က
ဤအဖြေဖြင့် ပြေလည်

ကျေးဇူးပါခင်ဗျ အပင်ပေါက်ပြီးမြေဩဇာထပ်ကျွေးသင့်လားဆရာ

782 လွန်ခဲ့သော ၁၁ လ က

ဟုတ်ကဲ့ပါခင်ဗျ

348,301 လွန်ခဲ့သော ၁၁ လ က

စိုက်ပြီး၂၅ရက်သားလောက်မှာ ပုလဲလိုအပ်ရင် ကျွေးပေးရပါတယ်ဗျ၊ လိုအပ်၊မလိုအပ်ကို နောက်မှပုံရိုက်ပြီးတင်မေးပေးပါဗျ

348,301 လွန်ခဲ့သော ၁၁ လ က

ဂျုံ စိုက်ပျိုးခြင်း ဂျုံ အထွက်နှုန်းမြင့်အောင်စိုက်နည်း ဗဟုသုတအဖြစ်ဖတ်ဖို့မျှဝေပေးလိုက်ပါတယ်

348,301 လွန်ခဲ့သော ၁၁ လ က

မြေခံမြေဩဇာအဖြစ် အချိုးညီကွန်ပေါင်းမြေဩဇာတစ်မျိုးမျိုး(ဥပမာ-၁၅:၁၅:၁၅)သို့မဟုတ် ဖော့စပရပ်အချိုးများများပါပြီးပိုတက်ဆီယမ်နှင့်နိုက်ထရိုဂျင်အနည်းငယ်ပါသောကွန်ပေါင်းမြေဩဇာတစ်မျိုးမျိုး(ဥပမာ-၁၀:၂၀:၂၀) ထည့်သွင်းပေးနိုင်ပါတယ် နောက်ဆက်တွဲလိုအပ်တာများလည်းမေးမြန်းနိုင်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။