ဖြေကြားချက် ၇ ခု
အခုမှပုံအားလုံးမြင်ရလို့ပြန်လည်ဖြေကြားပေးပါရစေခင်ဗျာ၊ ဖျူစေရီယမ်ပင်ညှိုးရောဂါ(Fusarium wilt)နှင့် ပင်စည်ပုပ်ရောဂါ(Stem Rot)ကျနေတာပါခင်ဗျာ Hymexazol (ဟိုက်မက်ဇာဇိုလ်)၊ Foestyl -Al (ဖို့စတိုင်းလ်အလူမီနီယမ်)ဆေးတစ်မျိုးမျိုးကို အပင်ခြေစိုရွှဲအောင်ဖျန်းပေးပါ။ အပင်အပေါ်ပိုင်းကိုရွက်ဖျန်းအဖြစ် Propiconazole, Tebuconazole, Azoxystrobin ဆေးတစ်မျိုးမျိုးကို ဖျန်းပေးနိုင်သည်။အထက်ပါနည်းလမ်းများဆောင်ရွက်ပေးပြီးလျင်သို့မဟုတ် ဆေးတစ်မျိုးမျိုးဖျန်းပက်ခြင်းများဆောင်ရွက်အပြီး ၁၀ရက်-၁၅ရက်အကြာမှာ ရောဂါမဆိုးရွားသော အပင်များအနည်းငယ် လန်းလာပါက အချိုးညီမျှစွာပါသောကွန်ပေါင်းမြေဩဇာကို ပုံမှန်ကျွေးနေကျထက် အနိမ့်ဆုံးနှုန်းထားလေးပုံတစ်ပုံသာကျွေးပေးလို့ရပါသည်။ နိုက်ထရိုဂျင်အလွန်အကျွံ့သုံးစွဲပါက မြေချဉ်ပြီးဖျူစေရီယမ်မှိုစပိုးများပေါက်ပွားရန်အားပေးပြီ ရောဂါကိုပိုမိုကျရောက်စေသည်။အချိုးညီမျှစွာပါဝင်သောကွန်ပေါင်းမြေဩဇာကိုသုံးစွဲပေးလျှင်အသင့်တော်ဆုံးဖြစ်သည်။
ဘက်တီးရီးယားပင်ညှိုးရောဂါကျနေတာဖြစပါတယ်ခင်ဗျာ၊ Copperoxychloride, Bismerthiazol, Kasugamycin, Oxolinic Acid ပါ ဆေးတစ်မျိုးမျိုး ရောဂါတန့်သည်အထိ ၇ရက်ခြားဖျန်းပေးပါဗျ၊ ဆေးဖျန်းပြီးလို့ ရောဂါပြန့်ပွားမှုရှိမရှိဆက်လက်စောင့်ကြည့်ပါဗျ၊ရောဂါရပ်တန့်သွားပြီဆိုမှ အချိုးညီမျှစွာပါသောမြေဩဇာကို ပုံမှန်ထက်လေးပုံတစ်ပုံမျှဖြင့်နှုန်းထားအနည်းငယ်ဖြင့်သာကျွေးပေးပြီး ပုံမှန်အတိုင်းပြုစုပါ၊ အပင်ခြေနားမြေဩဇာကပ်ကျွေးခြင်းမပြုလုပ်ပါနဲ့ အနည်းဆုံး၃လက်မမှ၅လက်မှထိခြား၍ကျွေးပါ။
ဆက်စပ်မေးခွန်းများ
ဆင်ငိုမြက်သေစေတဲ့ပေါင်းသတ်ဆေး AI ပြောပြပေးပါအုံး အခင်းထဲ ဆင်ငိုမျက်ချည်းပေါက်နေလို့ပါ ခရမ်းချဉ်သိမ်းပြီး ဘို...
ဖြေကြားချက် 2 ခု
ပဲတိုင်ထောင် 13ရက်သားပါ မနေ့က မင်ဂိုဇက်နှင့် အနည်းလိုအဟာရ ရောဖျန်းထားပါတယ် ဖျန်းနေရင်း ယင်ဖြူတွေ့လို့ ဒီကနေ့မ...
ဖြေကြားချက် 3 ခု
မတ်လအတွင်းတွင် ဗိုစားပဲစိုက်ပျိုးရပါသလား
ဖြေကြားချက် 2 ခု
ပဲပင်က ပထမတကြိမ် ဒိုင်ဘင်တမျိူးထဲ 25 ccဖျန်းထားပါတယ် ရောဂါကမသက်သာလို့ပါ ခုနောက်တကြိမ် ဒိုင်ဘင်နှင့်Metalaxyl...
ဖြေကြားချက် 2 ခု
မြေဖုံးသီးနှံပင် များကိုဖော်ပြပါ။
ဖြေကြားချက် 0 ခု